Professional Authors

ကာရံညီသော မာန

ငါ့အရိပ် ငါချနင်းမိတယ်
ငါ့အတ္တ ငါမြည်းစမ်းကြည့်တယ်
ငါ့အတွေး ငါပြုစားကြည့်တယ်
ငါ့မာန ငါစောင့်ရှောက်ကြည့်တယ်
ငါ့စိတ် ငါအသုံးချကြည့်တယ်
ငါ့လောဘ ငါမှီအိပ်မိတယ်
တစ်ခါတစ်လေမှာ အိုက်စပ်စပ် အတွေးအခေါ်မျိုး
တစ်ခါတစ်လေမှာ တငွေ့ငွေ့ ငြိမ်သက်ခြင်းမျိုး
တစ်ခါတစ်လေမှာ အမှောင်ချခံထားရတဲ့ စကားလုံးမျိုး
တစ်ခါတစ်လေမှာ တရင်းတနှီးရှိနေတတ်တဲ့ သက်ပြင်းတစ်ချိုနဲ့
အို………………………. အသင်လောက
ခင်ဗျားပေးလိုက်တဲ့ အထီးကျန်မှုက ကျုပ်အတွက် တစိမ်းပြင်ပြင် ကြီးပါလား
ကျုပ် တစ်ကိုယ်ကောင်းဆန်ပြီး တစ်ယောက်ထဲနေတယ်
ဘာလဲဟ…………….. ဒီ အထီးကျန်မှု
ငါ့ဘေးမှာ ငါ့အတ္တတစ်ခုလုံး အဖော်ရှိသေးတာပဲ
ဟား……….. ဟား………………. ဟား………………

In: ကဗျာ Posted By: Date: Jun 27, 2010
Comment #1

အို………………………. အသင်လောက
ခင်ဗျားပေးလိုက်တဲ့ အထီးကျန်မှုက ကျုပ်အတွက် တစိမ်းပြင်ပြင် ကြီးပါလား
ကျုပ် တစ်ကိုယ်ကောင်းဆန်ပြီး တစ်ယောက်ထဲနေတယ်
ဘာလဲဟ…………….. ဒီ အထီးကျန်မှု
ငါ့ဘေးမှာ ငါ့အတ္တတစ်ခုလုံး အဖော်ရှိသေးတာပဲ
ဟား……….. ဟား………………. ဟား………………
……………
မိုက်တယ်

commentinfo By: အသဲကွဲမိုး at Jan 10, 2011
Comment #2

thank you
Friend

Comment #3

တူတူပဲဗျို့ … အားပေးသွားတယ်နော်

Comment #4

a khu e lo phyit nay dar ne a daw pe,,
thz so much

commentinfo By: ei lay at Feb 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment