Professional Authors

လေပြေရဲ့အဖွင့်

အပြုံးလေးတွေ
ကြယ်စင်လို လှပလေရဲ့
မင်းမျက်ဝန်းက
ပုလဲသွယ်လိုပဲ..
ရင်ထဲမှာမြဲ သိမ်ထားချင်တယ်။

စကားသံတွေ
သံစဉ်လိုချိုမြလေရဲ့
မင်းဆံနွယ်က
လှပကြော့ရှင်း
ဇွတ်အတင်းပဲ နမ်းရှိုက်ချင်တယ်။

ယုံနိုင်မလား
ငါ့အချစ်တွေ ပြည့်သိပ်နေလေရဲ့
ငါ့နှလုံးက
မင်းနာမည်ပဲ
အချိန်တိုင်းပဲ အော်ခေါ်နေတယ်။

မင်းသိနိုင်မလား
ငါ့ရဲ့စိတ်တွေ ပျောက်ဆုံးနေလေရဲ့
ငါ့မျက်ဝန်းက
မင်းပုံရိပ်ပဲ
အချိန်တိုင်းမြဲ ဖန်ဆငိးပေးတယ်။

ပြောပြချင်တယ်
ငါ့စကားလုံးတွေ အစပျောက်နေလေရဲ့
ငါ့အတွေးက
မင်းဆီမှာပဲ
နေရာတိုင်းမြဲ ရောက်ရောက်နေတယ်။

(၂)

ကောင်မလေးရယ်…….
ခံစားချက်တွေကို
အသံများဖြစ်အောင်
ပြောင်းလဲကြည့်လဲ
ငါ့ဘဝက
မင်းအနားမှာ
ဆွံ့အနေတယ်။

အသံတွေကို
ပိတ်ဆို့တားဆီး
ဘာပဲဖြစ်ဖြစ်
နားကိုပိတ်ထားတယ်
သူတို့က မင်းရဲ့မကောင်းကြောင်း
လာလာပြောနေလို့။

မင်းရှေ့က ကိုယ်ရံတော်
မင်းနောက်က အရိပ်
မင်းကြည့်ရင် ပျောက်ကွယ်တယ်
ငါမင်းအတွက်
အဆင်သင့်ပါကွယ်။

ငါ့နှလုံးသားကိုထုဆစ်
ပုံဖော်လို့ရှုကြည့်သော်
မင်းနာမည်လေးက
တဒုတ်ဒုတ်နဲ့
စည်းချက်ကြညးမှာ
လွှင့်မြောနေလေရဲ့။

ညစဉ်မှာ ငါ
တစ်ယောက်တည်းနဲ့ငေးမော
ကြာလာတော့
ဝိုင်းပြောကြ
နောက်ဆုံးတော့
သူတို့ပါ ကဲ့ရဲ့လာကြ
ငါ့ ကြယ်တွေလေ…..
ဆွံ့အလွန်းတဲ့ ငါ့ကို
ဆေးမမှီဘူး ဆိုပြီး
မြှားနတ်မောင်ကို
တစ်ခါလောက်တောင်
ပြောမပေးဘူး။

မင်းနားကို ရောက်ချင်လည်း
ဘာကြောင့်များ လေးလံနေလဲ
မင်းမုန်းမှာကြောက်တယ်
တကယ်ပါ
ငါရင်နဲ့ အပြည့်
ချစ်မိလို့နေတာ။

သိအောင်တော့
ပြောပြချင်တယ်
မုန်းမှာလည်း
ကြောက်ပြန်တယ်
ဒီလိုနဲ့
ဒီလိုနဲ့
ဒီလိုနဲ့……………။

(၃)

ဖေဖော်ဝါရီ ၁၄
သူများတွေချစ်နေချိန်မှာ
သူဟာ………

မင်္ဂလာဆောင်တစ်ခုကို မြင်တွေ့နိုင်သည်
သင်တို့မသိလိုက်သော
လက်ဆောင်တစ်ခုတည်းတွင်
ခြောက်သွေ့နေသော
နှလုံးတစ်ခု ပါရှိခဲ့မည်ဆိုလျှင်…….

(၄)

ဖေဖော်ဝါရီ ၁၄
သေဆုံးသွားပြီဖြစ်သော
ကျွန်တော့်သူငယ်ချင်း……..

လေပြေတွေ တိုက်ခတ်နေသရွေ့
မင်းနေထိုင်တဲ့ လေပြေတွေက
သူကို ဖွင့်ပြောနေမှာပါ………..

……………………..မြူမင်းသွင်

In: ကဗျာ Posted By: Date: Jul 16, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment