Professional Authors

မှန်ချင်တယ် ..

ဘ၀မှာ ..

အကြိမ်ကြိမ်အခါခါ

မှားဖူးလို့ သာ ..

” ငါ  ” .. ဖြစ်လာတာပါ ..  ။

 

ဖျက်ရာ ..ပြင်ရာ ..

ဘွာခတ်တာတွေ ..

တဘ၀လုံး ဒင်းကြမ်းပြည့်ပြီးမှသာ ..

လူတကာ မျက်စိရှေ့ မှောက် ..

မတောက်တခေါက် အရာထင်လာခဲ့တာပဲ ..။

 

မှားယွင်းခေါင်းညိတ်ခဲ့တာတွေ ..

မှားယွင်းခေါင်းခါခဲ့တာတွေ ကြောင့် ..

မလိုအပ်ပဲ အဖတ်တင်ခဲ့တာတွေ ..

မသိလိုက် မသိဘာသာ ..

ဆုံးရှုံးခဲ့ဖူးတဲ့ အလိုချင်ဆုံးတွေ ..

ငါ့ကိုယ်ငါပဲ သိပါစေ ..။

 

ကိုယ့်အမှားနဲ့ ကိုယ် ..

မြိုမြိုချခဲ့ရတဲ့ ..

အစာအိမ်ထဲက ကျောက်ခဲတွေ ..

ကိုယ့်အပြစ်နဲ့ ကိုယ် ..

ဟန်မပျက် အောင့်ခံခဲ့ရတဲ့ ..

လူမသိသူမသိ ဒါဏ်ရာအနာတရတွေ ..

တကယ်တော့ ..

ဟန်ဆောင်တယ်ဆိုတာ ..

လွယ်ပါတယ်လေ ..။

 

သြော် ..  လူပဲကို ..

ကြိုသိနိုင်မှတော့ ..

ကောင်းမယ်ထင်တာလေးချည်း ..

ရွေးပြီး ကဗျည်းထိုးချင်တာပေါ့ ..

ဒါပေမယ့် လောကကြီးမှာ ..

ဒါ …အမှားမှန်း သိတော့မှ ..

သူ့ ရဲ့ ဆန့် ကျင်ဖက် အမှန်ဆိုတာ ..

သက်သေခိုင်မာတယ် မဟုတ်လား .. ။

 

ဘာပဲ ဖြစ်ဖြစ်ပါ ..

ဇာတ်နာအောင် ငိုပြရင် ..

ခွင့်လွှတ်ချင်မယ့်သူတော့ ..

တယောက်စ နှစ်ယောက်စ ..

ထွက်လာကောင်းပါရဲ့  ..

ခက်နေတာက ..

မှားမိပြီးရင် မျက်ရည်မကျတတ်တဲ့ ..

ငါ့ရဲ့ အားနည်းချက်ပါ ..။

 

မှားမိလေလေ ..

အပြုံး မဖျက်နိုင်လေလေ ..

အပြစ်ရှိလေလေ ..

ခေါင်း မာလေလေ ..

ပဲ့နေကြွေနေလေ ..

အ၀ီစိနက်အောင်တူးပြီး ..

အရွဲ့ တိုက်လေလေ ငါပါ ..။

 

မှန်ချင်တယ် ..

မှန်ချင်တယ် ..

မှန်ချင်တယ် ..ကွယ် ..။

 

တခါတခါတော့လည်း..

မှားပဲ မှားနိုင်လွန်းတဲ့ ငါ့ကိုယ်ငါ ..

မှန်ထဲနာနာကြည့်ရင်း ..

..  ..  ..

သနားမိတယ် ..။

(လမင်းမိုမို)

In: ကဗျာ,Others Posted By: Date: Sep 21, 2011
Comment #1

ကိုယ့်အမှားနဲ့ ကိုယ် ..

မြိုမြိုချခဲ့ရတဲ့ ..

အစာအိမ်ထဲက ကျောက်ခဲတွေ ..

ကိုယ့်အပြစ်နဲ့ ကိုယ် ..

ဟန်မပျက် အောင့်ခံခဲ့ရတဲ့ ..

လူမသိသူမသိ ဒါဏ်ရာအနာတရတွေ ..

တကယ်တော့ ..

ဟန်ဆောင်တယ်ဆိုတာ ..

လွယ်ပါတယ်လေ ..။

commentinfo By: May Kha at Sep 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment