Professional Authors
ရုပ်ဝါဒီသမားသို့ 
ကျေးဇူးပါ
ငါကောင်းခဲ့သမျှ အရာရာကို
ပြောင်းပြန်လှန်ပီး ပြောခဲ့ တဲ့ မင်းစကားတွေ အတွက်
ကျေးဇူးပါ
အပြုအမူ အပြောအဆို မျက်လုံး
ကိုယ်နှုတ်နှလုံး သုံးပါးလုံးမှာ
မြင်သာ ထင်သာ ရှိခဲ့တဲ့ အတွက်
ကျေးဇူးပါ
မင်း မကောင်းခဲ့သမျှ အရာရာအတွက်
ငါ မင်းကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ်
ဘာလို့ လည်းဆိုတော့ 
မင်းပေးချင်တဲ့ ဆိုးကျိုးများကို ငါ ကျော်ဖြတ်
ဘဝေဘ၀ အဆက်ဆက်က ပါခဲ့တဲ့ ရေစက်
ဒီဘ၀မှာ  ဖြတ်တောက်လို့ ရုန်းထွက်
ငါ လွတ်မြောက်နိုင်ခဲ့ပြီ…
မချစ်သလို မမုန်း
ပြုံးလို့ သာ နေပါတယ်..
မင်းသွားရာလမ်း မြင်နေပီမို့ 
အထူးအထွေ ငါ တရားစီရင်မနေဘူး
မင်း စိုက်တာတွေကို မင်းပဲ ပြန်ရိတ်သိမ်းရမှာ
မင်းဟာ ငါ့ အတွက် ဘာဆို ဘာမှမဟုတ်
သူစိမ်းတယောက်ဟာ မကြာခင် အသိအကျွမ်း ဖြစ်နိုင်ရဲ့ 
မင်းဟာ သူစိမ်းဆိုရင်တောင်
နောင် ဘယ်တော့ မှ အသိအကျွမ်း ဖြစ်ခွင့် မရှိတဲ့ သူစိမ်း
စိတ်ချင်းဝေးကွာတဲ့ နောက်
ငါ လျစ်လျူရှုခြင်း  မင်း အတွက်  ထိခိုက် ခြင်း မရှိတာကိုလည်း
ကျေးဇူးပါ
In: ကဗျာ Posted By: Date: Jan 5, 2012
Comment #1
အဆုံးသတ်က တရားစာတစ်ပုဒ်ဖတ်လိုက်ရသလိုပါပဲ
commentinfo By: ရွှေကြယ်မိုး at Jan 5, 2012
Comment #2
i agree with shwe kye moe.
commentinfo By: ei lay at Jan 5, 2012
Comment #3
နှလုံးသား ဒဏ် ရာဆိုတာ ကျက် နိုင် ခဲလိုက်တာ
ရံခါ နာကျင် ဆဲ
ချစ်ကံနည်းသူမို့ 
ဘယ်လိုပင် စိတ်မာန်တင်းပေမယ့်
အချစ်ဆုံးရယ်……
မုန်းရခက်ခဲ
commentinfo By: nandi at Nov 2, 2015
Leave Comments
Name*
Email*
Website
Email me whenever there is new comment