Professional Authors

အဖြူရောင်သူငယ်ချင်း(တောင်နီမှ သူငယ်ချင်းလေးသို့)

အဖြူရောင် သူငယ်ချင်းလေးရေ

မိုးစက်တွေနဲ့ အတူရောက်လာပြီး

လေပြေလေးတွေလို ထွက်ပြေးသွားတဲ့ မင်းကို

ဘယ်လိုဖွဲ့နွဲ့မှုတွေနဲ့

ငါရုံသွင်းရမှာလဲ

မင်းတို့ဘ၀လေးတွေ စိုပြေဖို့

ငါဆုတောင်းပေးခဲ့ပါတယ်

ခွဲခွါကာ နှုတ်ဆက်သွားတဲ့

ငါ့တို့ ကျောင်းတော်ကြီးကို

မင်းတစက္ကန့်မျှ

သတိရပေးမယ်ဆိုရင်

ငါကျေနပ်ရမှာပေါ့

အတိတ်မှာ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့

နောက်လှည့်ပြီး တမ်းတမငေးနဲ့

ရှေ့ဆက်လူဖြစ်ရအုံးမယ့်

မင်းရဲ့ အနာဂတ်များစွာအတွက်

မင်းခြေလှမ်းတွေ အသင့်ဖြစ်နေပါစေ

ခဏတာ တွေဆုံမှုအတွက်

တစ်ဘ၀သာ အပြစ်တွေဖြစ်ခဲ့ရင်

တောင်းပန်ပါတယ်ဆိုတဲ့စကားတစ်ခွန်း

ငါ့နှုတ်ဖျားက ထွက်ကျခဲ့ရင်

မင်းကျေနပ်ပေးပေါ့ နော် ။ ။

Comment #1

အားပေးသွားတယ်နော်……..

commentinfo By: May Kha at Sep 21, 2011
Comment #2

တစ်ဘ၀သာ အပြစ်တွေဖြစ်ခဲ့ရင်

တောင်းပန်ပါတယ်ဆိုတဲ့စကားတစ်ခွန်း

ငါ့နှုတ်ဖျားက ထွက်ကျခဲ့ရင်

မင်းကျေနပ်ပေးပေါ့ နော် ။ ။

commentinfo By: ရနံ့ at Sep 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment