Professional Authors

မိုးတိမ်များ

မိုးတိမ်များ


သူတို့ သိပ်ပြီး ပေါ့ပါးကြတယ်

သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ

ဘာအနှောင်အဖွဲ့မှ မရှိ

သူတို့ သိပ်ပြီး အေးချမ်းကြတယ်

သူတို့ရဲ့ လမ်းခရီးမှာ

မြေမြှုပ်ဗုံးတွေနဲ့ ထောင်ချောက်တွေ မရှိ

သူတို့ သိပ်ပြီး လွတ်လပ်ကြတယ်

သူတို့ရဲ့ ကောင်းကင်မှာ

စစ်ပွဲတွေနဲ့ ရေးဆွဲထားတဲ့ နယ်ခြားမျဉ်းတွေမရှိ

ကမ္ဘာမြေရဲ့ ရှုမျှော်ခင်းတွေကို ကြည့်ရင်း

ကောင်းကင်ယံမှာ သူတို့ လမ်းလျှောက်ကြ

လှပနေကြရဲ့

တချို့သော နေ့ရက်များ

တစ်ခါတစ်ရံတော့

သူတို့ရဲ့ ခန္ဓာကိုယ်တွေ မည်းညစ်သွားကြ

ကမ္ဘာမြေပေါ် လွင့်တက်လာတဲ့

ဒုက္ခရဲ့ မီးခိုးငွေ့များနဲ့

ပြီးတော့ မိုးစက်တွေကို ရွာချရင်း

သူတို့ ငိုကြရတယ်

ကမ္ဘာမြေပေါ်က

သွေးပျက်စရာ ရှုမျှော်ခင်းများအတွက် ..။


မြင့်မိုးအောင်

Comment #1

သူတို့ရဲ့ ကောင်းကင်မှာ

စစ်ပွဲတွေနဲ့ ရေးဆွဲထားတဲ့ နယ်ခြားမျဉ်းတွေမရှိ………………

ကမ္ဘာမြေပေါ် လွင့်တက်လာတဲ့

ဒုက္ခရဲ့ မီးခိုးငွေ့များနဲ့

ပြီးတော့ မိုးစက်တွေကို ရွာချရင်း

သူတို့ ငိုကြရတယ်

ကမ္ဘာမြေပေါ်က

သွေးပျက်စရာ ရှုမျှော်ခင်းများအတွက် ..။ ။
ကောင်းတယ်ဗျာကဗျာလေးက….အားပေးလျက်ပါ။

commentinfo By: ဧရာဝတီသား at Sep 19, 2011
Comment #2

တကယ်တွေးတတ်တဲ့ အတွေးကောင်းလေးရယ်ပဲ

commentinfo By: စိတ်ကူး at Jul 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment