Professional Authors

✿✿ချခွဲပစ်လိုက်သော မိုးတိမ်များ✿✿

✿✿သတိရခြင်းတွေသာ အပြစ်တွေဆိုရင်တော့
ကျွန်မ၏ သတိရခြင်းတွေ
အားလုံး ချခွဲပစ်လိုက်တော့မယ် ………။
✿✿ဝေးနေမှ ပေါ်သထက် ပေါ်လာတဲ့
ဒီ သတိရ၊ တမ်းတမှုတွေ
သူတို့ကြောင့် ကျွန်မ ရူးသွားနိုင်မလား ………..။
✿✿မနီးသင့်လို့ ဝေးတာ
အဆန်းတကျယ်မရှိလှပေမယ့်
ကျွန်မအတွက်တော့ ကြီးကျယ် အခမ်းနားဆုံး
စိတ်ကူးယဉ်ပုံပြင်ကြီးတပုဒ်လိုပဲ …….။
✿✿မှားနေမှန် သိရဲ့ ဒီလမ်းမှားထဲ
ဆက် ဆက် လျှောက်နေမိတဲ့ ကျွန်မ
ဘယ်တော့များ လမ်းမှန်ထဲ ရောက်မှာလဲ
ဒီ မျှော်လင့်ချက် မရှိတာတော့ တော်တော်ကြာခဲ့ပါပြီး ……. ။
စနိုးပန်းလေး
(၂၁.၅.၁၀)
In: ကဗျာ Posted By: Date: Jun 10, 2010
Comment #1

အဲဒီလိုနဲ့ ချမခွဲခင်ကတည်းက
ကျကွဲပြီးသား မိုးတိမ်တွေနဲ့ အတူလေ…

commentinfo By: အမရာ at Jun 10, 2010
Comment #2

တစ်ပုဒ် လုံးကို ကြိုက်မိတယ်။
ချခွဲမယ် ဆိုလည်း ကွဲအောင်သာ ခွဲပစ်လိုက်ပါ။

commentinfo By: khaingnay at Jun 19, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment