Professional Authors

လွမ်းလှပေါ့ သခင် [ for zmmc ]

သခင်..

သင့်နှုတ်ခမ်းဖျားမှာ

အပြုံးများ ဖန်တီးခွင့်

ထာဝရ ရချင်တယ်။

 

ဒီဇင်ဘာရဲ့

ဆောင်းနှင်းဖြူ

ခပ်ပါးပါးလေးလို

သခင့်ရင်ကို

သိမ်သိမ်မွေ့မွေ့လေး

အေးမြပေးချင်ပါတယ်။

 

သခင့်အပါးမှာ

လိုရာဖြည့်ဆည်းပေးဖို့

ကိုယ်စောင့် နတ်သားလေးတစ်ပါးအဖြစ်

ဖြစ်ခွင့်ရချင်တယ်။

 

သခင့်အတွက်

ပျော်ရွှင်ခြင်းတွေ

ယူလာပေးဖို့

တေးသွားလေးလို

ခပ်မြမြလေး

လှပနေချင်တယ်။

 

လွတ်လပ်ခြင်းတွေ

မြတ်နိုးတဲ့

သခင်အတွက်

အတူလွင့်မျောရာ

ညနေခင်းရဲ့

လေပြည်လေးအဖြစ်

သခင့်အပါး ခစားချင်တယ်။

 

လွမ်းလှပေါ့..   သခင်  ။

 

In: ကဗျာ Posted By: Date: Mar 17, 2012
Comment #1

ko lu soe doe ka dot loak p,
a pyat a tat ko chwe tar pe kwar,,
ha,,ha,,
lae sar paar de shin.

commentinfo By: ei lay at Mar 17, 2012
Comment #2

သြော် လွမ်းရှာလို့ ..တွေ့ရသေးတာကိုး လွမ်းများမလွမ်းလို့ကတော့…

commentinfo By: အသဲကွဲမိုး at Mar 17, 2012
Comment #3

လေးစား ရင် ငါးရော်ပေးနော် အိလေး …. ခိခိ

commentinfo By: chityellusoelay at Mar 17, 2012
Comment #4

he,,he,,
ei lay ka laung ka sar loak tat bu kwe,

commentinfo By: ei lay at Mar 17, 2012
Comment #5

လှလိုက်တာဗျာ

commentinfo By: kantkawmg at Mar 18, 2012
Comment #6

So so sweet.
Misssssssssss

commentinfo By: ei lay at Jan 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment