Professional Authors

နှစ်ပေါင်းနှစ်ဆယ်အတွင်းအတွေး

 

နှစ်ပေါင်းနှစ်ဆယ်အတွင်းအတွေး

 

ကောင်းကင်မျက်နှာကျက် ဟင်းလင်းပြင်ပေါ် ပြေးပြေးလွှားလွှား ပြေးတက်ခွင့်ရ

တစ်နေ့စာမှတ်တမ်း အယူအဆစည်းမဖောက်ခင်

လူသားအစ ကမ္ဘာဦးခရီးစဉ် ပြေးတွေ့ခွင့်ရ မူပိုင်ခွင့်ပြဿနာ

 

သူများ (မကောင်းကြောင်း)

ကိုယ့် (ကောင်းကြောင်း) ပြောတဲ့နေ့ ဖော်ပြပါ …

 

သဘာဝကျော်လွန်လာပြီးနောက်

တောမီးလောင်မြိုက်ခံ သတ္တ၀ါတစ်ကောင်ရဲ့ အသားစိုင်စတင်တွေ့ရှိရာ

လွင်ပြင်သာဓကရဲ့ တစ်နေ့တည်းကအချိန်

ခပ်ဝါးဝါးမဟုတ် မြင်ကွင်းက ကြည်ကြည်လင်လင်

အဖော်သဟာတွေရဲ့ ထွေပြားခန်း လူရာဝင်ချိန်

စမ်းရေစီးသံလှမ်းအကြား ဟိုဘက်ကမ်းရဲ့ ဝေဒနာစစ်ပွဲလက်လွန်ချိန်

 

နေ့ရက်က တရွေ့ရွေ့ထွက်ခွာခန်းဟာ နာကျင်တာက များများ

ပျော်ရွှင်တာက နည်းနည်းနဲ့သာကုန်ဆုံး

 

ကြားလိုက်လား

မေးလာတဲ့ အမှာစကားအတိုင်း မျက်ရည်ရဲ့သောကပင်လယ်

ဂယက်ရိုက်ရာ ရာစုထဲ

ဒုက္ခလမ်းပေါ်က အညတရလူသား မုန်တိုင်းရဲ့ဆီးကြိုသံလှမ်းအကြား … ကြား

 

ဘာရယ်ညာရယ်ပူဆွေးမှုကြား

ပန်းတိုင်မရောက်သရွေ့ ကြမ္မာထဲလူသား လူသားထဲက ကြမ္မာဟာ

ဒုက္ခပန်းတစ်ပွေ့တစ်ပိုက်နဲ့ အရာရာကို ငေးမောနေပုံဟာ သံသရာတွေရှည်လို့။

ကလင့်(မန္တလေး)

အဇ္ဈတ္တအယ်လဘမ် ကဗျာစာအုပ်ပေါင်းချုပ်မှထုတ်နုတ်သည်

 

 

 

In: ကဗျာ Posted By: Date: Sep 19, 2011
Comment #1

နေ့ရက်က တရွေ့ရွေ့ထွက်ခွာခန်းဟာ နာကျင်တာက များများ

ပျော်ရွှင်တာက နည်းနည်းနဲ့သာကုန်ဆုံး………..

commentinfo By: May Kha at Sep 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment