အလွမ်းနဲ့ မှောင်ရတဲ့မြို့
သတိရစိတ် တသွင်သွင်က
မိုးတိမ်တွေကို တစ်ပွင့်ချင်း ခုတ်ချလိုက်သလိုမျိုး
ဝန်းကျင်တစ်ခုလုံး အလွမ်းနဲ့ အမှောင်ကျ
ချိုင့်ခွက်နစ်ဝင်နေတဲ့ စိတ်ဓာတ်ကို ဆွဲထူနေရတဲ့
ခေါင်းမှာမီးခိုးတိုင် ဦးထုပ်နဲ့လူ
လမ်းကိုမြန်အောင်မောင်းတာတောင်
ကားတွေကတော့ နှေးနေတုန်း…။
ကိုးရီးယားအတုတွေရဲ့ နောက်ကျောဆီ
ကပ်ကပ်ပါတတ်တဲ့ နွားသိုးကြိုးပြတ်ကို
အချိန်မီရုံလေးဘရိတ်အုပ်
တဆက်တည်း….
အသိညာဏ်ကိုပါ ခလုပ်ဖြုတ်လိုက်ရော။
“၀င်းညွှန့်” “အရီးညွှန့်”
ရုပ်ရှင်ထဲက သေနတ်သံအတိုင်း
နာမည်ခေါ်သံတွေပလူပျံနေတဲ့ ဈေးထဲ
ကျနော့် ဆင်ဖြူတော်တွေ မျက်စိလည်လမ်းမှား
“မင်္ဂလာပါရှင်”…ဆိုတဲ့ အသံနားပြူတ်ကျသွားတယ်။
ညနေပိုင်းရောက်တော့
ကျနော်ရယ်…
ကျနော် ဘယ်ဘက်အိတ်ထောင်တဲက အရိပ်ကလေးရယ်…
လိုင်းကားနှစ်စ်ီး သုံးစီးရယ်နဲ့
ကျိုးတို့ ကျဲတဲ မီးလင်းနေပုံကိုကြည့်ပြီး
မြို့ကြီးရဲ့ မျက်နှာဟာ တဖြည်းဖြည်းမည်းလာ…။
လမ်းပေါ်မှာက အလွမ်းတွေနဲ့ဆိုတော့
ဇောက်ထိုးလျှောက်နေတဲ့ ခံစားမှုကို
ခပ်မှိန်မှိန်ကြယ်တွေဆီ ပစ်တင်လိုက်ရမလား။
ရှေ့မှာ“ကိုငှက်ကြီး”..ရဲ့အလင်းဆိုင်လေး
ပလက်ဖောင်းပေါ်မှာ သီချင်းဆိုနေလေရဲ့။
ခွဲဝေရခက်နေတဲ့ ဝေခွဲမရမှုတွေ
ဟိုး…ဝေးဝေးကမြို့လေးတစ်မြို့ဆီဖုန်းဆက်
“စီကရက်တစ်လိပ်ပဲ ပေးပါ”ဆိုတော့
စားပွဲထိုးလေးက “အချစ်မရှိပါခင်ဗျာ…”တဲ့။
ဒီလို..
အချစ်မရှိတဲ့ ကျနော့်အိပ်မက်တွေဟာ
ဒီညထက် ပိုပြီးအသေအချာမှောင်ရပြန်ပေါ့။
Comment #2
Fashionable style.
😛
Smoking isn’t good.
🙁
By: ei lay at Dec 28, 2012




Comment #1
မိုက်တယ်