Professional Authors

မျှော်တလင့်လင့်ချစ်

 

 

နှလုံးတုန်လျက်ရင်ထဲက တလိတ်လိတ်နဲ့

ခံစားချက်တွေ ပျို့အန်ထွက်ကျလာတဲ့

အတိက်ဘဝအိုက အပျိုစင်တယောက်လို့

ပစ္စုပ္ပန်ဘဝမှာ မင်းမထင်လိုက်နဲ့

အနာကျက်သောအခါ အနာဂါတ်ခရီးကို

ဆက်လျှောက်ဖို့ လက်ကျန်ခံစားချက်တွေ

သိမ်းပိုက်လှုပ်ခါရင်း ငါ့အနားကို

မင်းရောက်လာခဲ့ရင် ငါ့ငေးကြည့်စရာ

ငါ့ကောင်ကင်ဟာ မင်းလေးပါလို့

ရင်ဖွင့်စကားများ ပြောချင်ခဲ့သူပါ..။

 

လေတိုက်တိုင်းမှာ ကြွေကျရတဲ့သစ်ရွက်ရယ်

မင်းရဲ့လေဟာနယ်မှာ ကြွေကျရတဲ့ငါ့နှလုံးသားရယ်

မသိမသာတိုက်ခိုက်ခံရတဲ့ ငါ့ဘဝမုန်းတိုင်ရယ်

သဘာဝကတိုက်ခိုက်ခဲ့တဲ့ လေပြင်းမုန်းတိုင်ရယ်

မုတ်သုန်လေအားကောင်လို့ ပင်လယ်ပြင်မှာ

လှိုင်းကြမ်းတွေနဲ့မုန်းတိုင်တွေရယ် ချစ်သူရဲ့သနပ်ခါးလေးရယ်

နောက်ပြောင်ကျီကျယ်နေသော သူအပြုံးတွေရယ်

မျက်စိမှတ်တိုင်း ထင်လာမြင်လာတဲ့

အတိက်တံခါးကြီးနဲ့ သူ့မေတ္တာအိမ်လေးရယ်

ငါမြင်ယောင်လာတဲ့ အရာအားလုံးတိုင်းကို

မင်းအမှတ်နဲ့ စိတ်ကူးယဉ်ခဲ့တာ

အတွေးစိတ်သုန်းလို့ ဇရာအိုခဲ့ပြီး…

သို့သော်.. အတိက်အိုကို မျှော်တလင့်လင့်ပေါ့..။

 

ငါ့ခရီးတလျှောက်မှာ ရွက်လွင့်ခရီးဆက်ရင်း

ငါ့နှလုံးသားကို လိပ်စာတစ်ခုတပ်ဖို့

ဖိတ်စာပေါ်မှာ ရေးနှိပ်ရေးသားနေဆဲ

ငါ့ရှေ့ဖြတ်သွားသော ငါ့ညရဲ့ လမင်းလေးကို

ကောင်ကင်အဆုံးထိ ငေးကြည့်မိပါရဲ့

ခလုတ်တိုက်သွားသော ငါ့နှလုံးသားက

တုန်ရီလှုပ်ရှားကာ ပေတေတေနဲ့

ပြန်ထိန်းနေခိုက်မှာ တန်ပြန်အကြည့်က

မြားချက်ထိသလို ဒဏ်ရာရရှိခဲ့

ရောင်ပြန်နေခဲ့သော ငါ့အတွေးအိမ်တွေထဲ

နောက်ကျသွားပြီးလား မျှော်တလင့်လင့်နဲ့ပေါ့..။

 

သံသယလွင်ပြင် ကောင်ကင်ပြင်မှာ

ငါ့ငေးကြည့်စရာ လမင်းလေးဟာ

မင်းတယောက်တည်းပါ မင်းမရှိတော့တဲ့

ငါ့ကောင်ကင်လွင်ပြင်ဟာ ခြောက်ခန်းနေသော

ကန္တာရလွင်ပြင်လို ပူပြင်းခြောက်သွေ့ကာ

အထီးကျန်နေမှာ ငါကြောက်နေမိခဲ့

ပေပေတေတေနဲ့ ငါ့အတွေးအိမ်မှာ

မျှော်လင့်ချက်တွေကို ရွက်လွင့်တပ်ခက်ရင်း

အနာဂါတ်ခရီးပင်လယ်မှာ အလင်းရောင်သန်းလာမည့်

ငါ့ဘဝရဲ့အိပ်မက်လမင်း ချစ်သူ မင်းလေးကို

မျှော်တလင့်လင့်နဲ့ စောင့်မျှော်နေဆဲပါ..။

 

 

တက္ကသိုလ်မြတ်မင်း

http://www.venpunnavamsa.blogspot.com

In: ကဗျာ Posted By: Date: Sep 15, 2011
Comment #1

အားပေးသွားပါတယ်နော်……..

commentinfo By: May Kha at Sep 16, 2011
Comment #2

သံသယလွင်ပြင် ကောင်ကင်ပြင်မှာ

ငါ့ငေးကြည့်စရာ လမင်းလေးဟာ

မင်းတယောက်တည်းပါ မင်းမရှိတော့တဲ့

ငါ့ကောင်ကင်လွင်ပြင်ဟာ ခြောက်ခန်းနေသော

ကန္တာရလွင်ပြင်လို ပူပြင်းခြောက်သွေ့ကာ

အထီးကျန်နေမှာ ငါကြောက်နေမိခဲ့

ပေပေတေတေနဲ့ ငါ့အတွေးအိမ်မှာ

မျှော်လင့်ချက်တွေကို ရွက်လွင့်တပ်ခက်ရင်း

အနာဂါတ်ခရီးပင်လယ်မှာ အလင်းရောင်သန်းလာမည့်

ငါ့ဘဝရဲ့အိပ်မက်လမင်း ချစ်သူ မင်းလေးကို

မျှော်တလင့်လင့်နဲ့ စောင့်မျှော်နေဆဲပါ..။

commentinfo By: May Kha at Sep 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment