Professional Authors

လောကဓမ္မတာပါ

ဟိုမှာကြည့်စမ်း ကောင်းကင်ယံမှာ
ပြေးသွားဆော့ကစားနေတဲ့ စွန်းကလေးရယ်
မာယာမြူဆွယ် တိမ်တောင်တွေလယ်
အလှခြယ်လို့ ကြယ်တွေတောင်
ငေးမောနေရင်း ခလုတ်တိုက်လို့
ကြွေကျဒဏ်ရာ ဖြစ်ရရှာတယ်….။

ဟိုမှာကြည့်စမ်း လောကအလယ်မှာ
သဘာဝအလှကြွယ်နေတဲ့ ပန်းကလေးရယ်
အလှမြူဆွယ် ဥယျာဉ်တွေလယ်
အလှသွေးခြယ်လို့ ပျိုမေတွေတောင်
ငေးမောနေရင်း ခလုတ်တိုက်လို့
ထိခိုက်ဒဏ်ရာ ဖြစ်ရရှာတယ်….။

ဟိုမှာကြည့်စမ်း သူတို့အလယ်မှာ
အလှသွေးကြွယ်နေတဲ့ မိန်းကလေးရယ်
အလှမြူဆွယ် အသိုင်းဝိုင်းလယ်
အလှသွေးခြယ်လို့ ကိုမောင်တွေတောင်
ငေးမောနေရင်း နှလုံးသားခလုတ်တိုက်လို့
ထိခိုက်ဒဏ်ရာ ဖြစ်ရရှာတယ်…။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Oct 10, 2011
Comment #1

အလှမြူဆွယ် အသိုင်းဝိုင်းလယ်
အလှသွေးခြယ်လို့ ကိုမောင်တွေတောင်
ငေးမောနေရင်း နှလုံးသားခလုတ်တိုက်လို့
ထိခိုက်ဒဏ်ရာ ဖြစ်ရရှာတယ်…။

commentinfo By: ဒေါ်ရွှေအ at Oct 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment