Professional Authors

နှုတ်ဆိတ်မှုက ကမ္ဘာမြေပေါ် အမှားများစွာ အငမ်းမရ

နှုတ်ဆိတ်မှုက ကမ္ဘာမြေပေါ် အမှားများစွာ အငမ်းမရ

ညရဲ့ ဦးနှောက်တစ်ခု

ကမ္ဘာမမေ့တဲ့ မျက်ရည်ရုပ်ကြွင်းတွေဆီ ခရီးထွက်ဖို့

လှမ်းအဆင်း

 

ရှေ့တည့်တည့် မတ်မတ်

ဗိုက်ဖုံးအင်္ကျီတစ်ထည်ဟာ ငိုကြီးချက်မနဲ့

စက်တင်ဘာ မိုးရေစက်တွေ ရိုက်ခတ်

 

ဒီ … မြေ   ဒီ … ရေ    ဒီ … တော   ဒီ …တောင်

ဝင်္ကပါကွန်ရက် လ … အစင်းစင်း နေ … အစင်းစင်း ကြေကွဲ

 

နှုတ်ဟ နောက်ကျမှုဒဏ်

အော်ဟစ်သံ နောက်ကွယ်ရဲ့ နောင်တ

ကွယ်ဝှက်ခြင်းတံတိုင်းထဲ တိုးတိုးဝင်ပြီး ရခဲ့တဲ့ ဝေဒနာပြကွက်

 

အလင်းမလာသေးတဲ့ ပြင်းပြင်းရှရှ ညခင်း

လူသားတစ်သိုက် စကားနှုတ်ဆိတ် အိမ်အပြန် နောက်ကျ

အဝေးပြေး မြို့ပြတွေက မျက်ရည်အ၀ိုင်းသားနဲ့ စောင့်ဆိုင်း

 

လမ်းထောင့် အချိုးတစ်ကွေ့

တောင်းရမ်းစားသောက် သူတောင်းစားတစ်ယောက်

ခေတ်တွေ ဖြတ်သန်းခဲ့တာတောင်

ခုထိ … ဗိုက်မရွှဲသေးဘူး

 

မုဒိတာပွားခဲ့သလား  မုဒိတာ မပွားခဲ့သလား

 

ဗိုက်ဖုံးအင်္ကျီတစ်ထည်

သံသရာ အထပ်ထပ်ဆီ သက်ပြင်းရှည်ရှည်မှုတ်ထုတ်

 

အတိအလင်းဖွင့်ဆိုချက်

အဲဒီသန္ဓေသားကို မသိမှုက မွေးဖွား

ကမ္ဘာထဲ အမှားတွေဖြစ်ခဲ့

စေညွန်းရာထဲက အမိန့်

သူဟာ ကမ္ဘာ့ထောင့်မှုန်မှုန်ထဲ အမှန်စစ်စစ် ဗိုက်ဖုံးအင်္ကျီတစ်ထည်

သို့ပေမယ့် အတ္တတွေပါလာမှန်း အစကတည်းက သူမသိရိုးအမှန်။

 

ကလင့်(မန္တလေး)

အဇ္ဈတ္တအယ်လဘမ် ကဗျာစာအုပ်ပေါင်းချုပ်မှထုတ်နုတ်သည်

 

In: ကဗျာ Posted By: Date: Sep 14, 2011
Comment #1

အားပေးသွားပါတယ်

commentinfo By: virus at Sep 14, 2011
Comment #2

ကောင်းတယ်ဗျး)

commentinfo By: မိုးသစ်လေပြေ at Sep 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment