Professional Authors

လက်ဆွဲအိတ်

 

(၃)ရက်စာပါပဲ
ဖွင့်ဖောက်မသုံးရက်တဲ့
ပါကင်ပိတ် အသုံးအဆောင်များ၊
မျှော်လင့်တကြီး လွှမ်းခြုံဖို့
လက်ဖွဲ့ရ စောင်တစ်ထည်၊
ယုန်နှစ်ဖွားလေး သူ့ဖို့
ယုန်ပုံ လက်ကိုင်ပုဝါဖြူလေး တစ်ထည်၊
နေထွက် မိုးချုပ် သူရေသုတ်ဖို့
မျက်နှာသုတ်ပုဝါ တစ်ထည်၊
သူ့သွားညီညီ ဖွေးလှစီဖို့
Ganoderma တစ်တောင့်၊
သူ့လက်သည်းတွေ တိရိစေဖို့
Nail Clipper တစ်ချောင်း၊
သူ့ခြေဖ၀ါး အောက်ခြေနားဖို့
Foot File တစ်ခု၊
သူ့အသားအရည် ချောမွေ့စေဖို့
Milk Salt တစ်ထုပ်၊
ကိုယ်တိုင်ကိုယ်ကျ နှိပ်ကူပြဖို့
Spa Cream တစ်ဗူး၊
အတူနှစ်ယောက် ယှဉ်တွဲသောက်ဖို့
Nescafé  ပါကင်တစ်ထုပ်၊
မြင်ခွင့်မရှိတော့တဲ့ ပါးသိုင်းမွှေးလေးတွေဖို့
Hair Removal တစ်ဗူး၊
နှာချေတတ်တိုင်း သူ့ကိုတိုက်ဖို့
Allercet တစ်ကဒ်၊
သူ့ခြေဖ၀ါး အသားမာပါးဖို့
Foothy Cream တစ်ဗူး၊
စိတ်ဝင်တစား သူဖတ်အားဖို့
အက်ဆေးပေါင်းစုံ တစ်အုပ်၊
သပ်ရပ်လှပ ၀တ်စားကြဖို့
ချည်ချောလုံချည် တစ်ထည်၊
ခြေခုံဖွေးဖွေး လှရေးကြွယ်ဖို့
ကတ္တီပါဖိနပ် တစ်ရံ၊
ဒါတွေ ……….. ဒါတွေနဲ့
မသွားဖြစ်လိုက်တဲ့ ခရီးအတွက်
အရုပ်ကြိုးပြတ် ပစ်ချလိုက်တဲ့
လက်ဆွဲအိတ် တစ်လုံးရယ်ပါ

In: ကဗျာ Posted By: Date: Feb 18, 2011
Comment #1

ကောင်းတယ် ။

commentinfo By: sundywai at Feb 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment