Professional Authors

နောက်ဆုံး နေ၀င်ချိန်

ဖြစ်ခြင်းနဲ.ပျက်ခြင်း ဆိုတဲ့
အဖြစ်၊ အပျက်တွေကြား
အကောင်းနဲ. အဆိုး
လုပ်သင့်တာ၊ မလုပ်သင့်တာတွေ
လူတွေက သတ်မှတ်ချက်တွေနဲ.။

သတ်မှတ်ချက်တွေကြားထဲ လူဖြစ်လာရတဲ့ငါလည်းလေ

အကောင်းထဲမှာ အကောင်းဆုံးကိုရှာရင်း
အဆိုးထဲမှာ အကောင်းကိုရှာရင်းလေ
သတ်မှတ်ထားတဲ့ ပန်းတိုင်ကိုလာရင်းပေါ့

ပန်းတိုင်နားနီးလေ လေ
အားအင်ချိနဲ. လုပ်ချင်တာတွေ
ဖြစ်စေချင်တာတွေများ
အချိန်မလောက် ငမှုကိုနားလည်ရင်း
စိုးရိမ်မှုတွေ၊ နောင်တတွေနဲ.  နေ၀င်ချိန်ပေါ့။

ကဲပန်းတိုင်ကို ခြေတစ်လှမ်းအလို
 
ငါမလှမ်းနိုင်တော့ပြီ
ငါနာကျင်လှပြီ
ရောက်ချင်ဇောနဲံ.အားယူရင်း
ချွေးတွေထဲ ငါမျှောနေပြီ။

ရပ်စမ်းပါ ငိုသံများ
ငါရပ်တန်.တော့မယ် သံယောဇဉ်များ
ငိုသံများကြား
အားယူကာ ငါ
ပန်းတိုင်ကို ခြေချနိုင်ခဲ့ပြီ။

In: ကဗျာ Posted By: Date: Sep 12, 2011
Comment #1

လုပ်သင့်တာ၊ မလုပ်သင့်တာတွေ
လူတွေက သတ်မှတ်ချက်တွေနဲ.။

သတ်မှတ်ချက်တွေကြားထဲ လူဖြစ်လာရတဲ့ငါလည်းလေ

အကောင်းထဲမှာ အကောင်းဆုံးကိုရှာရင်း
အဆိုးထဲမှာ အကောင်းကိုရှာရင်းလေ
သတ်မှတ်ထားတဲ့ ပန်းတိုင်ကိုလာရင်းပေါ့……………… ( ကောင်းပါ၏)

commentinfo By: May Kha at Sep 12, 2011
Comment #2

အားပေးသွားပါတယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment