Professional Authors

နောက်ဆုံး..ဆုတောင်း

 

အဲဒီနေ့က……..
သူ…..ကျွန်မကိုချစ်တယ်လို့ ပထမဆုံးခံစားရတယ်
ဒါပေမယ့်…..အဲဒီနေ့မှာပဲ
သူ….ကျွန်မ ကို မုန်းတယ်လို့ ပြောထွက် 
သူ့ဘ၀ထဲက အပြီးအပိုင် မောင်းထုတ်ပစ်ခဲ့တယ်…………။
မရွေ့မလျားပဲ ပေတေစွာ ရပ်
သူထားခဲ့တဲ့ နေရာလေးမှာ…….
ခြေလှမ်းတွေနောက်ပြန်လှမ်းဖို့
ဒီနေ့ဟာ…အိပ်မက် တခုသာ ဖြစ်စေဖို့
သံယောဇဉ်အစွမ်းနဲ့ အနမ်းတွေ ကူ လို့
အမှန်တွေမြင် 
သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ…..သိနိုင်စေဖို့
ဒါပေမယ့်…ကံကြမ္မာ ဆိုတဲ့ကောင်က 
ကျွန်မ ကိုနှစ်အတော်ကြာမုန်းတီးခဲ့တာလား???
သူကိုယ်တိုင်က..မလိုချင်ခဲ့တာလား…..???
ဝေခွဲမရသေးပဲ
အဲဒီနေ့ကစ…
သူ့ကို……….မတွေ့ရတော့ပါဘူး..။
ဘာ့ကြောင့်လည်း …ကျွန်မ သိသလို
ဘာလို့လည်း…ဆိုတာ နားလည်ပါတယ်
…………………….
ဘာပဲဖြစ်ဖြစ် 
ကျွန်မ ချစ်တဲ့ သူ့ရဲ့
အမိန့်ကို မလွန်ဆန်ရက်
သူသာ သူ့ဘ၀သာ…ပျော်ရွှင်မယ်ဆို
ပိုမိုကောင်းမွန်မယ်ဆို……….
ဒီထက်ဆိုးရွားတဲ့ လက်ညှိုးထိုး အပြစ်တင်ခြင်းတွေကိုလည်း

ကျွန်မ မြတ်နိုးနိုင်စွမ်းပါရဲ့။

ဒီဘ၀အတွက်တော့..ကျွန်မ အချစ်ကို လက်လျော့အရှုံးပိုက်ခဲ့ပါတယ်
ဒါကဗျာ မဟုတ်ဘူး
ဒါ..စာပေမဟုတ်ဘူး…
ဒါ…နှလုံးသားနဲ့ရင်းခံ စတေးခဲ့ရတယ်ဆိုတာ
သူမမြင်စေချင်ပေမယ့်..သိစေချင်တယ်။
ကိုယ့်ကိုယ်ကိုယ် ထက် သူ့ကို ချစ်ခဲ့လို့
အချစ်လွန်ခြင်းရဲ့ အပြစ်ဒဏ်လို့ပဲယူဆ
သူထားခဲ့တဲ့နေရာ ကို သွေးမျက်ရည် အလွမ်းတို့နဲ့ ရွှေချ…
နှလုံးသားထဲ အမြဲ ကဗျည်းတင် အမှတ်ရနေပါ့မယ်။
တကယ်လို့များ
ဒီလူ့နေရာ သူရောက်ရှိတဲ့အခါ………
ဒီခံစားချက်တွေနားလည်…..ဒီလူကို မေ့ဖျောက်လို့
ဒီစာလေးလည်း…..အရင်ကလို အပိုတွေသာသတ်မှတ်
နောက်ဆံတင်းတင်းနဲ့
နောင်တတွေကင်းဝေးပါစေ
ကျွန်မ ….. နောင်ဘ၀မှာတော့ မောင်နဲ့ ဆုံစည်းခွင့်ရပါရစေ။
In: ကဗျာ Posted By: Date: Mar 24, 2011
Comment #1

ဒီစာလေး တနေ့ သူတွေ့ခဲ့မယ်ဆို
အရင်ကလို အပိုတွေသာသတ်မှတ်
နောက်ဆံတင်းတင်းနဲ့ရှေ့ဆက်နိုင်လို့
နောင်တတွေကင်းဝေးပါစေ
ကျွန်မ ….. နောင်ဘ၀မှာတော့ မောင်နဲ့ ဆုံခွင့်ရပါရစေ။
အရမ်းထိတယ် မိုးရယ် အရမ်းကောင်းတဲ့ ကဗျာလေးပါပဲ….။

commentinfo By: ကေသရီ at Mar 24, 2011
Comment #2

ဖြစ်နိုင်မယ်ဆိုရင် အဲ့ဒီလောက်အစွဲမထားပါနဲ့ဗျာ
ချစ်မိတဲ့သူကရှုံးတာပဲလို့ ပြောကြပေမယ့်
တကယ်တမ်းချစ်မိသွားတဲ့အခါ
အဲဒိအရှုံးတွေရှေ့မှာပဲ ကျေကျေနပ်နပ်ဒူးထောက်မိတာ
ဘာသဘောလဲအဖြေရှာလို့မရသေးဘူးဗျာ……..

commentinfo By: လွမ်းနောင် at Mar 24, 2011
Comment #3

အဲဒီနေ့က……..
သူ…..ကျွန်မကိုချစ်တယ်လို့
ပထမဆုံးခံစားရတယ်
ဒါပေမယ့်…..
အဲဒီနေ့မှာပဲ သူ….ကျွန်မ ကို မုန်းတယ်လို့ ပြောထွက်
သူ့ဘ၀ထဲက အပြီးအပိုင် မောင်းထုတ်ပစ်ခဲ့တယ်…………
စာသားလေးကြိုက်လို့အားပေးသွားပါတယ်…..ဗျာ..။

commentinfo By: terry at Mar 24, 2011
Comment #4

အားပေးတဲ့ မောင်နှမ များ အားလုံးကျေးဇူးအများကြီးတင်ပါတယ်နော်

commentinfo By: အသဲကွဲမိုး at Mar 26, 2011
Comment #5

မမိုး၇ယ်…… ကောင်းလိုက်တာ.
ခံစားချက်တွေကထပ်တူညီပြီး အားပေးသွားပါတယ်

commentinfo By: genius.jinx28 at Mar 26, 2011
Comment #6

ကျွန်မ ….. နောင်ဘ၀မှာတော့ မောင်နဲ့ ဆုံစည်းခွင့်ရပါရစေ။
(ဆုတောင်းပြည့်ပါစေလို့ဆုတောင်ပေးပါမည်)

Comment #7

အဲဒီနေ့က……..
သူ…..ကျွန်မကိုချစ်တယ်လို့ ပထမဆုံးခံစားရတယ်
ဒါပေမယ့်…..အဲဒီနေ့မှာပဲ
သူ….ကျွန်မ ကို မုန်းတယ်လို့ ပြောထွက်
သူ့ဘ၀ထဲက အပြီးအပိုင် မောင်းထုတ်ပစ်ခဲ့တယ်…………။
မရွေ့မလျားပဲ ပေတေစွာ ရပ်
သူထားခဲ့တဲ့ နေရာလေးမှာ…….
ခြေလှမ်းတွေနောက်ပြန်လှမ်းဖို့
ဒီနေ့ဟာ…အိပ်မက် တခုသာ ဖြစ်စေဖို့
သံယောဇဉ်အစွမ်းနဲ့ အနမ်းတွေ ကူ လို့
အမှန်တွေမြင်
သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ…..သိနိုင်စေဖို့
ဒါပေမယ့်…ကံကြမ္မာ ဆိုတဲ့ကောင်က
ကျွန်မ ကိုနှစ်အတော်ကြာမုန်းတီးခဲ့တာလား???
သူကိုယ်တိုင်က..မလိုချင်ခဲ့တာလား…..???
ဝေခွဲမရသေးပဲ
အဲဒီနေ့ကစ…
သူ့ကို……….မတွေ့ရတော့ပါဘူး..။
ဘာ့ကြောင့်လည်း …ကျွန်မ သိသလို
ဘာလို့လည်း…ဆိုတာ နားလည်ပါတယ်
…………………….
ဘာပဲဖြစ်ဖြစ်
ကျွန်မ ချစ်တဲ့ သူ့ရဲ့
အမိန့်ကို မလွန်ဆန်ရက်
သူသာ သူ့ဘ၀သာ…ပျော်ရွှင်မယ်ဆို

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011
Comment #8

ကိုယ့်ကိုယ်ကိုယ် ထက် သူ့ကို ချစ်ခဲ့လို့
အချစ်လွန်ခြင်းရဲ့ အပြစ်ဒဏ်လို့ပဲယူဆ
သူထားခဲ့တဲ့နေရာ ကို သွေးမျက်ရည် အလွမ်းတို့နဲ့ ရွှေချ…
နှလုံးသားထဲ အမြဲ ကဗျည်းတင် အမှတ်ရနေပါ့မယ်။

တပုဒ်လုံး အရမ်းကောင်းပါတယ်ဗျာ။ ရွေးထုတ်ပြတယ်ဆိုတာက လတ်တလော ခံစားချက်နဲ့ တိုက်ဆိုင်နေတာလေးမို့ ထုတ်ပြရုံသက်သက်ပါ။ လေးစားအားပေးလျက်ပါ။

commentinfo By: ChIr0N at Mar 17, 2012
Comment #9

oh,,,,,,,,,,
a te kwe poems tway yae dar ma moe ko hme de thu ma tway tay bu,,
yae le kway lout de

commentinfo By: ei lay at Mar 17, 2012
Comment #10

အားပေးသူကဗျာမောင်နှမများအားလုံးအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ

အိလေး ကတော့ အမ ကို မြှောက်နေပြန်ပြီ….. 😀

commentinfo By: အသဲကွဲမိုး at Mar 17, 2012
Comment #11

hin?
ma yone le nay pop,,
ei lay ka a hman tine pyaw dar,,1 ke kyike dar,
a te kwe tar tway ma yae pe ne chit sa yar lay tway yae pay par lar hin?
hee,,he,,,ne ne pu sar kyi dar par,

commentinfo By: ei lay at Mar 17, 2012
Comment #12

ဟုတ်ကဲ့ပါ..ခု ဆို..အဲလိုလေးတွေ…ရှောင်ပြီး ကဗျာတင်ဖြစ်နေပါတယ်
မမအိလေး ပျော်စေချင်လို့ပါ 😀

commentinfo By: အသဲကွဲမိုး at Mar 17, 2012
Comment #13

he,,he,,
really?
po chit twar p,
thz so much..

commentinfo By: ei lay at Mar 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment