Professional Authors

တေလေတစ်ယောက်ရဲ့နောက်ဆုံးနှင်းဆီလမ်းခွဲ

မဖြစ်နိုင်မှန်းသိပေမယ့်

အရမ်းကို ဖြစ်နိုင်ချင်ခဲ့ပေါ့

ဘ၀ဟာ မျက်လှည့်ဆရာပမာ

ဒီအချစ်များ

ဒီအလွမ်းများ

ဝေးလည်း မဝေးလို

လွမ်းလည်း မလွမ်းလိုခဲ့။

 

တစ်ဖက်သတ်ဆန်နေတော့လည်း

တစ်ဖက်ကမ်းခတ်အောင် ရှုံးနိမ့်ခဲ့ရသူ

လွမ်းတယ်လို့  မပြောဘူး

လမ်းခွဲစရာမလိုအောင်

အစကတည်းက စွယ်တော်ရွက်မှ မဖြစ်ခဲ့ပဲ

ကြေကြေကွဲကွဲ နှုတ်ဆက်နေစရာမလို

မနီးတဲ့ဘ၀မှာ မျက်ရည်အထပ်ထပ်ကျ

“မ“ ကို ဒူးထောက်ငိုမပြတော့ဘူး။

 

တေလေလေးတစ်ယောက်မှာလည်း

ကိုယ့်မာနနဲ့ ကိုယ် . . .

“ မ “ အကြောင်းရေးထားတဲ့ ကဗျာစာရွက်တွေဖတ်ပြီး

လူမသိအောင် ငိုချင်ငိုမှာပေါ့။

 

ဆုံးရှုံးခြင်းလမ်းမထက်က

တေလေတစ်ယောက်ကတော့

လွယ်အိတ်ထဲမှာ ၀မ်းနည်းခြင်းကိုထည့်ပြီး

ခေါင်းငုံ့  ထွက်ခွာခဲ့ပါပြီ

ချစ်သလောက် ပြန်ရဖူးပါသလား

ချစ်သလောက် ပြန်ရတယ်ဆိုတာ မှန်ရဲ့ လား

သေချာတာတစ်ခုကတော့

ဒီအချစ်မှာ သုညပဲ ကြွင်းခဲ့ရသူတစ်ယောက်တော့ ရှိခဲ့ဖူးတယ်။

 

                                                             နရီမင်းထက်(ဆေးတက္ကသိုလ်)

 

In: ကဗျာ Posted By: Date: Sep 1, 2011
Comment #1

ကြိုက်တယ်ဗျာ

commentinfo By: မိုးသစ်လေပြေ at Sep 1, 2011
Comment #2

တစ်ဖက်သတ်ဆန်နေတော့လည်း

တစ်ဖက်ကမ်းခတ်အောင် ရှုံးနိမ့်ခဲ့ရသူ

လွမ်းတယ်လို့  မပြောဘူး

လမ်းခွဲစရာမလိုအောင်

အစကတည်းက စွယ်တော်ရွက်မှ မဖြစ်ခဲ့ပဲ
goodတယ်။အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Sep 1, 2011
Comment #3

ချစ်သလောက် ပြန်ရဖူးပါသလား

ချစ်သလောက် ပြန်ရတယ်ဆိုတာ မှန်ရဲ့ လား

သေချာတာတစ်ခုကတော့

ဒီအချစ်မှာ သုညပဲ ကြွင်းခဲ့ရသူတစ်ယောက်တော့ ရှိခဲ့ဖူးတယ်။

အဲ့စာသားလေးကြိုက်တယ်….

commentinfo By: terry at Sep 1, 2011
Comment #4

a me lay dot…
sate g like tar…
hote bu,,,hote bu…
sate kauk nay dar phyit ya me.
he,,he,,,

why not?
u’ll get what u give,
no doubt.
it’s unuversal truth.

commentinfo By: ei lay at Sep 1, 2011
Comment #5

မဖြစ်နိုင်မှန်းသိပေမယ့်

အရမ်းကို ဖြစ်နိုင်ချင်ခဲ့ပေါ့

commentinfo By: နှင်း at Sep 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment