Professional Authors

နောက်ဆုံး….

အပ်နှင်းလို့ချစ်ခဲ့ပေမယ့်
အရှုံးတွေ နစ်ခဲ့တဲ့ငါ့ဘ၀ကို
အားနာမှုနဲ့ ဖုံးကွယ်ထားတဲ့
ခံစားချက်တွေ ငါ့ကိုမပေးပါနဲ့
မျိုသိပ်ဒဏ်ရာ ရင်မှာစူး
အပြုံးမပျက် မရုန်းရက်လို့
နှလုံးသား စာမျက်နှာမှာ
ငါ့ရင်တွေ ကြေကွဲခဲ့ရတယ်
ဒါတောင်မှ ငါ့နှလုံးသားကို ရန်ပြုလို့
ငါ့အချစ်တွေကို အန်တုချင်နေပြီလား
နင်ဟာ ငါ့ဘ၀ရဲ့
နောက်ဆုံးလူပါ

In: ကဗျာ Posted By: Date: Jul 2, 2011
Comment #1

မျိုသိပ်ဒဏ်ရာ ရင်မှာစူး
အပြုံးမပျက် မရုန်းရက်လို့
နှလုံးသား စာမျက်နှာမှာ
ငါ့ရင်တွေ ကြေကွဲခဲ့ရတယ်
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jul 2, 2011
Comment #2

a sa ne a sone 1 yout de par

commentinfo By: ei lay at May 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment