Professional Authors

င့ါရဲ့ည

မျှော်လင့်ချက် မဲ့နေတဲ့
အထီးကျန် ငါ့ညတွေမှာ
ခုနှစ်စဉ်ကြယ် အရောင်ပြယ်တဲ့အထိ
ထိုင်နေမိတယ် ချစ်သူ။

အသက်မဲ့တဲ့ကြယ်တွေရဲ့
လှောင်ရယ်ခြင်းကို ခံရတဲ့ငါ
သံယောဇဉ် မပြတ်လို့
နင့်ကို တအားလွမ်းခဲ့ရတဲ့ငါ ..ပါ။

ဝမ်းသာစရာမဟုတ် တဲ့
လွမ်းစရာ အလုပ်တစ်ခုကိုလည်း
ငါပိုင်ဆိုင်မိမှတော့
ချစ်သူရေ………………
မနေ့ညကတောင် ငါ ငိုလိုက်မိသေးတယ်။

In: ကဗျာ Posted By: Date: May 13, 2010
Comment #1

အရမ်းကောင်းပါတယ်ဗျာ။လေးစားပါတယ်။ နောက်လည်းကဗျာ ကောင်းကောင်းလေးတွေ တင်ပေးပါ။
ဝါသနာ ချင်းလည်းဖလှယ်ရတာပေါ့။

commentinfo By: Reinminn at May 13, 2010
Comment #2

ဝမ်းသာစရာမဟုတ် တဲ့
လွမ်းစရာ အလုပ်တစ်ခုကိုလည်း
ငါပိုင်ဆိုင်မိမှတော့
ချစ်သူရေ………………
မနေ့ညကတောင် ငါ ငိုလိုက်မိသေးတယ်။

commentinfo By: နှင်းနု at May 14, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment