Professional Authors

ကြောက်လို့ ရှောင်တာ ငါ့အကျင့်တခုဖြစ်မယ်ထင်တယ်

ငါ ကြောက်တတ်တယ် …
ငါ အမှောင်ကိုကြောက်တယ် …
ငါ အလိမ်ခံရမှာ ကြောက်တယ် ….
ငါ စွဲလမ်းမှုကို ကြောက်တယ် …
ငါ  သရဲကြောက်တတ်တယ် …
ငါ အမှောင်ကိုကြောက်တဲ့အတွက်
မလင်းမဲ့ အကြောင်းတွေကိုရှောင်တယ်..
ငါ အလိမ်ခံရမှာကြောက်တဲ့အတွက်
လူတွေကို လွယ်လွယ်မယုံကြည်ဘဲ သံသယထားတယ်…
ငါ စွဲလမ်းမှုကိုကြောက်တဲ့အတွက်
စွဲလမ်းနိုင်စေတဲ့ အရာတွေကို ရှောင်တယ် …
ငါ သရဲကြောက်တဲ့ အတွက်
သရဲကားတွေကို ရှောင်တယ်
ငါ … အကြောက်ဆုံးတခုရှိတယ် …
ငါအကျင့်အတိုင်း ကြောက်လို့ ရှောင်တယ် …
ဒါပေမဲ့ အချစ်ဆိုတဲ့ အရာက
နောက်လှည့်ပြေးမှ
ပက်ပင်တိုးတယ်ဆိုတာ …
ငါအခုမှသိတယ် ….
နောက်ဆုံး … ငါ့ပါးစပ်က တခွန်းပဲ ထွက်လာတယ်
သြော် ……..

ကဗျာချို

In: ကဗျာ Posted By: Date: Sep 1, 2011
Comment #1

hin…
phat loh kaung nay dar,,
tan lan g,,
bar htwat lar le hin?

commentinfo By: ei lay at Sep 1, 2011
Comment #2

အဟဲ …ထွက်တော့ ထွက်လာတယ် …. နောက်ဘက်က … နေမင်းကြီးတော့ မဟုတ်လောက်ဘူး

commentinfo By: ကဗျာချို at Sep 1, 2011
Comment #3

aww,,,
dar so yin dot pone hman par be.
say tike phoe ma lo tay bu.
pyan loh ya par p.
he,,he,,

commentinfo By: ei lay at Sep 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment