Professional Authors

ကျွန်တော်

ပြောင်မြောက်တဲ့
အရေးအသား
စွဲမက်ဖွယ်ဟန်ပန်
နေ့စဉ်ကျင့်လို့
သူမအိမ်ရှေ့
ဟန်ရေးပြပွဲ
ဒီကနေ့ဝယ် အ၀ါဆို
နောက်နေ့ကို အပြာ
ဒီတစ်လ ၀ယ်
ဝက်ဝံရုပ်ဆို`
နောက်လာမယ်
နောက်တစ်မျိုး
ကဗျာတွေ
အမျိုးမျိုးရေး
ပို့စကတ်တွေ
အမျိုးမျိုး ပေးခဲလေရဲ့
နံနက်လင်းတိုင်း
နို့ပို့ တဲ့ကုလားထက် စောပြီး
မင်းအိမ်ကို ငါရောက်တယ်
နေ့စဉ်ထုတ်သတင်းစာထက်
ပိုကောင်းတဲ့
ပိုပြီး ယုတ်တိတန် တဲ့
ရည်းစားစာ တွေ
ငါပို့ ခဲ့လေရဲ့
မင်းနံနက်လင်းတိုင်း
ငါပေးတဲ့
ပန်းတစ်ပွင့်ရယ်
စာတစ်ကြောင်းရယ်
အရုပ်တစ်ရုပ်ရယ်
မင်းအိမ်ရှေ့မှတွေ့နေကြပဲ…..
ဒါပေမယ့်
မင်းမတွေ့သေးတာက
မင်းကို တုန်နေအောင် ချစ်တဲ့
ငါ့နှလုံးသားကိုပါ….။

In: ကဗျာ Posted By: Date: Sep 1, 2011
Comment #1

wow…
wow…
mike de kwar,,,
ma soe bu,,,
d lo myo (everday) poh pay yin…he,,he,,mwe hmar pe.
daw daw lay ko romantic phyit tar pe naw.

commentinfo By: ei lay at Sep 1, 2011
Comment #2

မင်းမတွေ့သေးတာက
မင်းကို တုန်နေအောင် ချစ်တဲ့
ငါ့နှလုံးသားကိုပါ….။
ဘယ်တော့မှ တွေ့ သွားမယ် မထင်ဘူး ဟီး
အားပေးသွားတယ် ကိုဒေဝေါ

Leave Comments

Name*

Email*
Website
Email me whenever there is new comment