Professional Authors

မြှားထိတဲ့ရင်

 

ရူပကာရုပ်ရွှေစင်ထုပ်မို့

လက်ခုပ်ရေသို့မလုပ်ဝံ့ပါ

သံသာဥသြကရဝိတ်နှော

နားချမ်းရွှင်ပျချိုမြမြသို့

ပေါင်းစုစံရာပိတုန်းကေသာ

နေရောင်တွင်လက်ပြိုးပြက်ပြက်

ခေါင်းဝှေ့တစ်ချက်ဆံကေကြွခုန်

ဖေးမတုန်၍အခိုက်အကြည့်

ရင်တွင်ထိသည်

နှလုံး ဒိတ်……….. ဒိတ်မြည်သတည်း။

မျိုးသူထက် (2007)

In: ကဗျာ Posted By: Date: Sep 10, 2011
Comment #1

တော်လိုက်တာ……..

commentinfo By: May Kha at Sep 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment