Professional Authors

ကျွန်တော်စောင့်မယ် မနက်ဖြန်

လှလိုက်တဲ့
ခြေလှမ်း
သူ မခြေလှမ်းလေ
ယောင်္ကျားလေးတိုင်း
ကြွေကြတယ်လေ
သူမ ရုံးဆင်းရုံးပြန်ဆို
ကျွန်တော်ထိုင်နေကျ
လက်ဖက်ရည်ဆိုင်မှာ
လူတွေ ပြည့်လို့
အကုန်ယောက်ျားလေးတွေချည်းပဲ
ခေတ်ပေါ်ဆံပင်
ခေတ်ပေါ် ဒီဇိုင်းနဲ့
ရှုမငြီးသည့်
ထိုမိန်းကလေး
အသားအရေ၀င်းဝါ
လှပသော ကိုယ်အလှ
ညီညွှတ်မျှတ  စွာပိုင်ဆိုင်ထားသူ
မျက်လုံးက ၀ိုင်းဝိုင်း
နှုတ်ခမ်းလေး ကိုင်းကိုင်း
ီဦးတိုး ဆိုတဲ့ ရတနာသူ
အလှတွေ တမူဆင့်
သူမတူအောင်ယဉ်ကျေးတတ်သူ
သပ်ရပ်စွာဝတ်
ဘယ်အချိန်ကြည့်ကြည့်
လူတိုင်းကို စွဲညှို့ နိုင်သော်လည်း
ဖော်ရွှေတဲ့နှလုံး
ဖြူစင်တဲ့စိတ်ထား
ပိုင်ဆိုင်ထားသူ
သူလာပြီဆို အစမှ အဆုံး
သူမ ခြေလှမ်းကို
ကျွန်တော်နှင့် လက်ဖက်ရည်ဆိုင်ထဲ မှ
အပေါင်းအဖော်များ
အပြိုင်အဆိုင်
ရေတွက်ကြလေသည်
သေချာသည် ၂၅ လှမ်း
ငြင်းကြသည် ခုန်ကြသည်..
ဆိုင်ရှင် ဦးတရုတ်ကြီးကတော့
ကျွန်ုပ်တို့တောင်းဆိုတဲ့
ဦးတိုး ရဲ့ ရတနာသူနဲ့
ငြိမ့်နေလေရဲ့
ဘာပဲဖြစ်ဖြစ် ပျော်တယ်ဗျာ
မနက်ဖြန်ကို စောင့်အုန်းမယ်…..

In: ကဗျာ Posted By: Date: Aug 23, 2011
Comment #1

d lout taung hla lar? d lout sate htar kaung loh lar? i m interested.
want to c at once if possible.he,,he,,
plz let me know where & when.
i m finding that perfect girl for my belived fri.

commentinfo By: ei lay at Aug 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment