Professional Authors

အသေများနဲ့ ဖာထေးခြင်း (၂)

တဖြည်းဖြည်း ပြာငမ်းလို့လာသော

ရွှေ့လျားမှုကြမ်းတဲ့ လမ်း

……………………….

စိတ်ရဲ့တွင်းနက်ထဲ ကြာရှည်စွာ အိပ်စက်

ခြောက်သွေ့ ကွဲ အက်

နုတ်ခမ်းနက်တို့ တောင်းတချက်

 

မင်းဟာ ငါ့ရဲ့ ရူးသွပ်မှုပါ ကဗျာ

 

ဆေးတစ်ပုလင်းစာ ငတ်မွတ်နေသောလမ်း

သူရူး တစ်ယောက်လိုကို လွမ်းတယ်

 

ကိုယ့်စိတ်နဲ့ကိုယ် သိပ် ဟာမိုနီမဖြစ်တဲ့လမ်း

…………………………………..

………………..

………………………

တွန့်လိမ် ခြစ် ကုတ်

……………………..

ယဲ့ ယဲ့ လေးကျန်သောလမ်း

………………………….

………..

ဖြူ ရော် ရော် အရေပြားဆီက

ဆွဲခြစ် ခွဲထွက်

တ ဒိတ် ဒိတ် မြည်သံရဲ့အကျဉ်းမှာ

နူးညံ့တဲ့ သွေးဆာမှုတစ်လက်နဲ့

ဟောင်းလောင်းပွင့်ထွက်သွားတဲ့ ကဗျာ

……………….

ဆောင်းအဖြစ်ထုဆစ်သော

မီးတောက်တစ်ခုရဲ့ဈာပနလမ်း/လမ်းမှာ

လွှင့် လို့ မျောပါ

လမ်းရဲ့သရဲတစ်ကောင်က ငါ

 

                                      စုန်းပြူး

In: ကဗျာ Posted By: Date: Jan 3, 2013
Comment #1

ဖတ်သွားတယ်
ကြိုက်တယ်
( စာလုံးပေါင်းသေချာစစ်ပါကွာ အစ်မလည်းခဏခဏမှားတတ်လို့  )

commentinfo By: sharon myorr myor at Jan 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment