Professional Authors

ကောက်ကြောင်းမဲ့နိယာမပြပွဲ (terry)

မေးခွန်းနံပါတ်(၁)

တီးလုံးသံအဆုံး
ကကွက်လည်းဆုံးပြီ။
အငွေ့တွေကြား
လျှောက်လှမ်းနေရသလို
အရာရာပြင်းရှရှနဲ့
ထောင့်ချိုးတစ်ခုအရောက်
မေးခွန်းတစ်ခုရဲ့
ချုံခိုတိုက်လိုက်မှုကိုခံရတယ်။
(လမ်းနဲ့ ငါဘယ်သူမှားလဲ)…တဲ့ 

“ငါ့ဦးတည်ချက်ကိုသူမဘာကြောင့်မမြင်နိုင်တာလဲ”

မေးခွန်းနံပါတ်(၂)

သူမနဲ့ ပတ်သတ်လာရင်

ပတ်ဝန်းကျင်မရှိဘူး…………
ကောင်းကင်မရှိဘူး……..

လေထုမရှိဘူး………
နွေဦးမရှိဘူး………..

တံခါးမရှိဘူး…………….
နားမရှိဘူး……………………
ပစ္စုပန်သည်
ရေငွေ့ရိုက်ထားသောဖန်ခွက်လို
မှုန်မှိုင်းမှု့တို့ ဖြင့်
မွန်းတည့်သွားသည်။
ဒါနဲ့ များ……..
စိတ်ပျက်စရာကောင်းတယ်
ဆိုသောစကားဖြင့်

“သူမဘာကြောင့်ကျွန်တော့ကိုကျော်ကျော်ကြည့်နေရတာလဲ။”

မေးခွန်းနံပါတ်(၃)

အသက်ရှုသံများအား
အတတ်နိုင်ဆုံးချည်နှောင်၍
သေသေချာချာကြည့်ဖြစ်လိုက်သည်။
အို………
ဘုရား…….ဘုရား…………….
သူမမှာ……
အရိပ်နှစ်ခုနဲ့ ပါလား………….။
နိမိတ်ပြစကားလုံးများထဲမှ
လက်တွေ့ ဘ၀ထဲသို့ 
အပြီးတိုင်ထွက်ခွာသွားခဲ့ပြီ။
ဘယ်တော့မှပြန်မလာတော့ရန်
ကျိန်ဆိုထားသကဲ့သို့ 
ခြေလှမ်းတိုင်း၌
ကျန်ရစ်သူခြေရာများအား
သူမကိုယ်တိုင်
မီးရှို့ထားခဲ့သည်။

အိပ်မက်၊သူမ၊ကျွန်တော်
အခွံ(၃)ခုရှိခဲ့ဖူးသည်။

“သူမသည်အိပ်မက်ကိုသယ်ပိုးသွား၍ဘာကြောင့်ကျွန်ုပ်ကိုမနှိုးပဲထားခဲ့ရသနည်း။”

(အဖြေ)

မည်သူမှမမှန်ခဲ့သလို
မည်သူမှမမှားခဲ့ကြပါ။
အဖြစ်အပျက်ဆိုသည်မှာ
အံဝင်ဂွင်ကျ
ဆောက်လုပ်ထားသော
စက္ကူဆက် ပဟေဠိကားချပ်တစ်ခုဖြစ်သည်။

သူမနှင့်ကျွန်တော်သည်
မျဉ်းဖြောင့်တစ်ကြောင်းထဲပေါ်၌
မျက်နှာချင်းဆိုင် ခရီးသွားခဲ့ခြင်းဖြစ်သည်။

                                                           terry(8.9.2011)9:00am
                                                                [email protected]

In: ကဗျာ Posted By: Date: Sep 10, 2011
Comment #1

သူမနှင့်ကျွန်တော်သည်
မျဉ်းဖြောင့်တစ်ကြောင်းထဲပေါ်၌
မျက်နှာချင်းဆိုင် ခရီးသွားခဲ့ခြင်းဖြစ်သည်။

အားပေးလျက် ကိုတယ်ရီ . . . .

commentinfo By: လမင်းဇော် at Sep 11, 2011
Comment #2

အရမ်းကောင်းပါ၏ တယ်ရီ ကြီး ရယ်

commentinfo By: ridd at Sep 11, 2011
Comment #3

အဖြစ်အပျက်ဆိုသည်မှာ
အံဝင်ဂွင်ကျ
ဆောက်လုပ်ထားသော
စက္ကူဆက် ပဟေဠိကားချပ်တစ်ခုဖြစ်သည်။

Comment #4

အေး ……ကောင်းလာပြီ ကွ …လုပ်ထား…………..

ငါ့အကြောင်း ကို သိချင်၇င် ဝေယံ ကိုမေးကြည့်လိုက်အုံးနော်……..ထီပေါက်တယ်

commentinfo By: kaungzaw at Sep 11, 2011
Comment #5

သူမနဲ့ ပတ်သတ်လာရင်

ပတ်ဝန်းကျင်မရှိဘူး…………
ကောင်းကင်မရှိဘူး……..

လေထုမရှိဘူး………
နွေဦးမရှိဘူး………..

တံခါးမရှိဘူး…………….
နားမရှိဘူး……………………

ကောင်းလိုက်တာဗျာ…..တကယ်ချစ်မိလာရင်…..ဒီလိုပါပဲ…..
အားပေးသွားပါတယ်….။

commentinfo By: ကေသရီ at Sep 11, 2011
Comment #6

သူမနဲ့ ပတ်သတ်လာရင်

ပတ်ဝန်းကျင်မရှိဘူး…………
ကောင်းကင်မရှိဘူး……..

လေထုမရှိဘူး………
နွေဦးမရှိဘူး………..

တံခါးမရှိဘူး…………….
နားမရှိဘူး……………………

commentinfo By: poem.poem28 at Sep 11, 2011
Comment #7

“သူမသည်အိပ်မက်ကိုသယ်ပိုးသွား၍ဘာကြောင့်ကျွန်ုပ်ကိုမနှိုးပဲထားခဲ့ရသနည်း။”

commentinfo By: May Kha at Sep 12, 2011
Comment #8

ကျွန်တော်..ဘာမှပြောမထွက်တော့ဘူး……ဗျာ
………………………..
ကဗျာအရေးအသား.ကောင်းလွန်းတယ်

commentinfo By: အသဲကွဲမိုး at Sep 16, 2011
Comment #9

အားပေးကြတဲ့..အားဆေးများကို……
ကျေးဇူးအထူးကို…တက်ပါတယ်…ဗျာ…. 🙂

commentinfo By: terry at Oct 12, 2011
Comment #10

ရေးချင်ဇောနဲ့ မှားသွားလို့ …ကျေးဇူးအထူးတင်ပါတယ်။ 😀

commentinfo By: terry at Oct 12, 2011
Comment #11

so nice great..

commentinfo By: Sofarawayfromyou at Feb 26, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment