Professional Authors

ရယ်ရွှင်ဖွယ်ရာများ ခေတ်ကုန်ဆုံးခြင်း (နေမျိုး)

ကျွန်ုပ်အဖို့ ရယ်ရွှင်ဖွယ်ရာများခေတ်ကုန်ဆုံးခဲ့ပြီ
ကျွန်ုပ်ဘာသာ ရပ်နေမည်
ဤအစိုင်အခဲကြီးများကို နှစ်များစွာ ကျွန်ုပ်ထမ်းပိုး
ထားခဲ့သည်
ကျွန်ုပ် အရိုးထဲတွင် ရယ်သံတစ်ခုရှိ၏။
သင်နားထောင်မည်လား
ယခု ကျွန်ုပ်ဘာသာရပ်နေသည်
တိတ်ဆိတ်မှုထဲမှာ ကျွန်ုပ်ရှိ၏
ပျော်ရွှင်မှုသည် ကြောက်မက်ဖွယ်ကောင်းသော
မေ့လျော့မှုတစ်မျိုးဖြစ်သည်ဟု ဖတ်ရှုခဲ့ဖူးသည်။
မင်းပြောချင်တာ ဒါအကုန်ပဲလား၊ ရယ်စရာပဲ
ဒါပေမဲ့ ရယ်ရွှင်ဖွယ်ရာများခေတ်ကုန်ဆုံးသွားခဲ့ပြီ
ကျွန်ုပ်တိတ်ဆိတ်နေမည်
အစိုင်အခဲကြီးများ ရောက်လာလိမ့်မည်
အားလုံးအလုံအလောက်ဖြစ်သည်။
နေမျိုး
In: ကဗျာ,နေမျိုး Posted By: Date: Nov 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment