Professional Authors

အသက်ရှုသံများရဲ့ ကောက်ကြောင်း (၄)

 

သိပ္ပံခေတ်မှာ

ကြွက်တွေက ကြောင်လိုက်ခုတ်ကြ…။

 

လူတွေက လူတွေနဲ့ပြန်ခလုတ်တိုက်

ယန္တရားတွေက

ငါတို့ဦးခေါင်းကို မီးနဲ့မြိုက်…။

 

အပျော်ဆိုတာ

ယဇ်ပူဇော်ပွဲက တိုက်တဲ့ တိရိစ္ဆာန်ပေါင်းစုံရဲ့သွေးလို ညှီစို့စို့။။

 

အက်တမ်တွေကိုကြောက်တယ်…

ရီလစ်တစ်ဗတီ သီအိုရီကိုကြောက်တယ်

နှုတ်ခမ်းမွှေး ကော့ကော့နဲ့ လူသတ်သမားကိုကြောက်တယ်

ရန်ကုန်မှာ ခဏခဏပေါက်တဲ့ ချိန်ကိုက်ဗုံးတွေ ကိုကြောက်တယ်…။

 

ချစ်သူနဲ့လျောက်ဖူးတဲ့လမ်းတွေတောင်

တစတစ..တစပြင်ဆန်လာခဲ့..

ခြေရာခွက်ထဲမှာလည်း ရောဂါပိုးမွှားတွေ..။။

 

မသေပါနဲ့ဦး…..ကွာလို့တားတဲ့အချိန်မှာ

စိတ်ဓာတ်ဟာ ပြာဖြစ်သွားခဲ့ပြီ…။။။။

 

တက်ခေတ်

In: ကဗျာ Posted By: Date: Oct 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment