Professional Authors

လိုတာယူပါ နှလုံးသားကိုချမ်းသာပေးပါ…..

ရော့…ဒီမှာ
ငါ့မျှော်လင့်ချက်….
အဲဒါမင်းရိုက်ချိုးဖို့…
ဒါက ငါ့အနာဂတ်
မင်းဖျက်ဆီးပစ်ဖို့….
ဒီဟာက ငါ့အိပ်မက်တွေ…
မင်းမီးရှို့ပစ်ဖို့….
ဟိုဘက်ကဟာက
ငါ့မာနတွေ…
မင်းနင်းခြေပစ်ဖို့….
ဘာလိုသေးလဲ…
သြော်..မေ့နေတယ်
ငါ့အင်္ကျီအိတ်ကပ်နောက်မှာ
ငါ့နှလုံးသားရှိသေးတယ်…..
အဲဒါလေးတော့ ချမ်းသာပေး…
မင်းစိတ်တိုင်းကျ
ရက်စက်နိုင်ဖို့
ငါ..အားလုံးခင်းပေးထားတယ်
နှလုံးသားတစ်ခုတော့ချန်ထား…
မင်းကိုချစ်နေဖို့အတွက်
ငါ့နှလုံးသားကလွဲရင်
ဘာမှမလိုဘူး…
ဒီတော့….
ငါ့မှာရှိတာအားလုံး
မင်းဖျက်ဆီးပစ်လိုက်လို့ရတယ်
ဒါပေမယ့်…
ငါ့နှလုံးသားတော့မပါစေနဲ့…………။         ။

In: ကဗျာ Posted By: Date: Sep 8, 2011
Comment #1

မင်းစိတ်တိုင်းကျ
ရက်စက်နိုင်ဖို့
ငါ..အားလုံးခင်းပေးထားတယ်
နှလုံးသားတစ်ခုတော့ချန်ထား…
မင်းကိုချစ်နေဖို့အတွက်
ငါ့နှလုံးသားကလွဲရင်
ဘာမှမလိုဘူး…
ဒီတော့….
ငါ့မှာရှိတာအားလုံး
မင်းဖျက်ဆီးပစ်လိုက်လို့ရတယ်
ဒါပေမယ့်…
ငါ့နှလုံးသားတော့မပါစေနဲ့… ( ဒါပေမဲ့နှလုံးသားကိုပဲချနင်းတတ်ကြတာ) အားပေးသွားပါတယ်.

commentinfo By: May Kha at Sep 8, 2011
Comment #2

ကောင်းလိုက်တာကဗျာလေးက

commentinfo By: Village chat kyi at Sep 8, 2011
Comment #3

wow,,,
wow,,,
a yan a yan mike de.
a yan a yan kyike de.
ko lwan naung a yan a yan taw par d.

commentinfo By: ei lay at Sep 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment