အလေ့ကျကောင်ရေးတဲ့အလေ့ကျကဗျာ
ကြယ်ကြွေညတိုင်း ဆုတောင်းချင်ပါရဲ့
ငါ့မှာက အိပ်မက်တွေကို
တယုတယနမ်းရှိုက်ဖို့အတွက်သာ
ကံပါခဲ့ပုံရတယ် ။
မသိမသာနင့်ရဲ့ ဆိုးနွဲ့မှူတွေနဲ့
သစ်သီးတစ်ကိုက်စာ ငါ့အချစ်တွေကြား
နင့်ရဲ့ဘ၀လေး နွမ်းကြွေသွားမှာစိုးလို့
ငါ့ရင်တစ်ခုလုံး ကြေမွသွားလည်း
အလွမ်းငွေ့ငွေ့လေးတော့
ကျန်ရစ်ဦးမှာပါ ။
ရင်ကြားစေ့လို့ မရနိုင်မယ့်
ငါ့အတ္တ နဲ့ နင့်မာနတွေကြား
နင်နဲ့ငါ့နှလုံးသားတွေ ရေစီးရေလာမကောင်းနိုင်တော့လဲ
ငါ့နှလုံးသား ငါပြန်ဆည်ဖို့နေရဆဲ ။
ဝေးဝေးစိမ်းစိမ်း ရက်စက်ခြင်းတွေနဲ့
နင့်ကိုပစ်ထားနိုင်ဖို့ ကြိုးစားနေရတဲ့
ငါ့ကိုယ်ငါလဲ နာတယ်
ဝေးပြီဆိုမှ ပိုပြီးချစ်တတ်လာအောင်
ငါ့ကို အဘယ်သို့သော ကျိန်စာတွေနဲ့
နှောင်ဖွဲ့ခဲ့ပါသလဲ ဖြေလျော့ပါတော့ ကွယ်
ပစ္စုပန်မှာ ငရဲမီးထက် အလွမ်းမီးက
ပူလောင်လွန်းရဲ့လေ ။
စိမ်းခဲ့ပြီဆိုရင်လည်း ..
ငါ့ရင်ကိုခွဲ နှလုံးသားကိုပါ
တစ်ဘ၀စာ ယူဆောင်သွားပါ ..
ငါ့မှာ ဒီနှလုံးသားနဲ့ ဆက်အသက်ရှင်စရာ
လမ်းမသိ ကမ်းမရှိ
နွမ်းရိလွန်းလို့ပါကွယ် ။
ပုန်းခိုစရာ နေရာရှားပါးနေတယ်
အမုန်းပိုစရာ အပြစ်တွေရှားပါးနေတယ်
အလုံးစုံရင်မှာရှိနေသေးတာက ချစ်ခြင်းဆိုရင်
ငါတို့ နားလည်မှူတွေနဲ့ပွင့်လင်းရအောင်ကွယ်
နင်မပါတဲ့ဘ၀ .. တွေးကြည့်ရုံနဲ့
လင်းတောက်နေတဲ့နေရောင်အောက်မှာ
ငါ့ဘ၀မှောင်သွားတယ် .. ငါ့အာရုံတွေပျောက်သွားတယ်
နောင်တ နဲ့ အလွမ်းတွေ ခေါင်းထောင်လာတယ်
ခု .. ငါငိုနေတယ် ..ငါငိုနေခဲ့တယ်
နင်မမြင်ဖူးဘူးဆိုတဲ့ငါ့မျက်ရည်တွေ
နင့်မမြင်ကွယ်ရာမှာ စိုနေတယ်
ဒီကဗျာကိုဆုံးချင်တယ်..
ဒီခံစားချက်တွေဆုံးချင်တယ်
နင့်ကိုမဆုံးရှုံးချင်ဘူး ..
ဒီလိုနဲ့ အလေ့ကျပေါက်ပင်လို
ငါ့ အလွမ်းနဲ့ ကဗျာတွေ အလေ့ကျရှင်သန်လာလိမ့်မယ် ။
Comment #3
အလုံးစုံရင်မှာရှိနေသေးတာက ချစ်ခြင်းဆိုရင်
ငါတို့ နားလည်မှူတွေနဲ့ပွင့်လင်းရအောင်ကွယ်
By: May Kha at Jan 30, 2012
Comment #4
excellenttttttttt
excellenttttttttt
excellentttttttt
By: ei lay at Jan 30, 2012
Comment #5
ခု .. ငါငိုနေတယ် ..ငါငိုနေခဲ့တယ်
နင်မမြင်ဖူးဘူးဆိုတဲ့ငါ့မျက်ရည်တွေ
နင့်မမြင်ကွယ်ရာမှာ စိုနေတယ်
ဒီကဗျာကိုဆုံးချင်တယ်..
ဒီခံစားချက်တွေဆုံးချင်တယ်
နင့်ကိုမဆုံးရှုံးချင်ဘူး ..
ဒီလိုနဲ့ အလေ့ကျပေါက်ပင်လို
ငါ့ အလွမ်းနဲ့ ကဗျာတွေ အလေ့ကျရှင်သန်လာလိမ့်မယ် ။
By: အသဲကွဲမိုး at Feb 9, 2012
Comment #6
လင်းတောက်နေတဲ့နေရောင်အောက်မှာ
ငါ့ဘ၀မှောင်သွားတယ် .. ငါ့အာရုံတွေပျောက်သွားတယ်
နောင်တ နဲ့ အလွမ်းတွေ ခေါင်းထောင်လာတယ်
ခု .. ငါငိုနေတယ် ..ငါငိုနေခဲ့တယ်
နင်မမြင်ဖူးဘူးဆိုတဲ့ငါ့မျက်ရည်တွေ
နင့်မမြင်ကွယ်ရာမှာ စိုနေတယ်
ဒီကဗျာကိုဆုံးချင်တယ်..
ဒီခံစားချက်တွေဆုံးချင်တယ်
နင့်ကိုမဆုံးရှုံးချင်ဘူး ..
လူ ကြီးးးးးးးးးးးးးးး
By: sharon myorr myor at Aug 4, 2012




Comment #1
နင့်ကိုပစ်ထားနိုင်ဖို့ ကြိုးစားနေရတဲ့
ငါ့ကိုယ်ငါလဲ နာတယ် …… သိပ်မှန်တယ်ဗျာ…ရင်ဘတ်နဲ့ အပြည့်ဖတ်သွားတယ်..