Professional Authors

ချစ်သူပေးသော ဒေါက်ဖိနပ်

ချစ်သူပေးသော ဒေါက်ဖိနပ်

မျက်ရည်ဆိုတာဒါလား

ငါ့လောက်မာ

ငါ့လောက်အကြောတင်း

စိတ်ထားပြင်းသည့်သူတောင်

အခုတော့

မာယာတစ်သိန်း

အဆိပ် စိမ်းများ

အလိမ်းလိမ်း

အလှဆင်

ခြယ်မှုန်းထားလေသော

သူမက

သက်သေပေါင်းများစွာရှေ့

ချစ်ခြင်းကိုမထောက်

မျက်ရည်ပေါက်

ကြီးငယ်ကျလည်း

မရချေ…။

အသည်းနှလုံးကိုနင်း

ဦးနှောက်ကိုသင်းကွပ်ပြီး

ကျွန်တော်၏ အချစ်ကောဇောပေါ်

လှပစွာနင်းလျှောက်သွားချေပြီ….။

ရယ်သံလွင်လွင်

မာယာအပြည့်ဖြင့်

ခြေလှမ်းဆောင့်ကြွကြွဖြင့်

အဝေးသို့

အားမာန်အပြည့်ဖြင့်

လှမ်းခဲ့ချေပြီ

ကျွန်တော်အရှေ့တွင်

သူမခွဲခဲ့ဖူးသော

အသည်း မသာများ

အခု သူမ ခြေလှမ်းများ

ဦးတည်လှမ်းရာဘက်တွင်

ပျော်ရွှင်စွာလှမ်းမျှော်နေသော

အသည်းမသာလောင်းများ

များစွာအတွက်

သူမက

မခို့တခို့

လှပစွာရယ်ရင်း

စင်ဒရဲလားကာတွန်းထဲမှ

စုံးမကြီးကဲ့သို့

ပြုံး၏

ထို့နောက် သူမ ပေတစ်ရာကို

လှပစွာလှမ်းရင်း

လမ်းကူးရန်ပြင်နေပြီ

အသည်းကွဲရင်း

အလူးလူးအလဲလဲ

ပလက်ဖောင်းပေါ်တွင်

မူးပြီးလဲနေခဲ့သော

ကျွန်တော့်အား

ဖုတ်လေသည့်

ငပိရှိသည်ဟုပင်မထင်

ဂါဝန်ကြီးတကားကားဖြင့်

ဟိုဘက် ကားလမ်းသို့အလှမ်း

အဝေးမှလာသော ကုန်တင်နာတစ်စီး………..

…………………………………

သူမ ဆီမှ ဒေါက်ဖိနပ် တစ်ဖက်

လှပစွာလွင့်လာသည်…။

ကျွန်တော် ထိုဒေါက်ဖိနပ်ကို

အားရပါးရကိုင်ရင်း

သဲကန္တရထဲ

အိုအေစစ်တွေ့သည့်

လူပမာ

လန်းဆန်းနေလေပြီ….

ပထမတော့

လွမ်းမသေးသည်…

သို့ပေမယ့်

တကယ်တမ်းက

ကျွန်တော်ပျော်နေလေသည်……….။

In: ကဗျာ Posted By: Date: Sep 6, 2011
Comment #1

သို့ပေမယ့်
တကယ်တမ်းက
ကျွန်တော်ပျော်နေလေသည်… အားပေးသွားတယ်နော် .. 🙂

commentinfo By: chityellusoelay at Sep 6, 2011
Comment #2

သြော်… နောက်ဆုံးတော့ အရမ်းပျော်သွားတယ်ပေါ့လေ… ဒီလိုဖြစ်စေချင်နေပုံပဲ

commentinfo By: မနောဖြူလေး at Sep 6, 2011
Comment #3

မဟုတ်ရပါဘူး ဗျာ
နည်းနည်းအပြောင်းအလဲ ဖြစ်စေချင်လို့ပါပဲဗျာ
စိတ်နာလို့လည်းမဟုတ်ပါဘူး
just poem
ကဗျာသက်သက် ပါဗျာ တကယ်ပါဟီး……………..။
အထင်မလွဲကြပါနဲ့ …………………………………

Comment #4

အင် . . .
သားရေစိမ်းဖိနပ် လဲမဟုတ်ဘူး

commentinfo By: mgchannaye at Sep 7, 2011
Comment #5

tate p nar ma le bu.

commentinfo By: ei lay at Sep 18, 2011
Comment #6

တို့လည်း အားပေးသွားတယ်နော်…ဟီး….

commentinfo By: မေလေး at Sep 22, 2013
Comment #7

နား လည် သွား ပ။ီ
။အ ဟက်
အ ရမ်း ချစ် ပုံ ကို
😛

commentinfo By: ei lay at Sep 24, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment