Professional Authors

ကိုပေါ(2)

ယုံတမ်း စကားပြောပြိုင်ပွဲ
ကျင်းပခဲ့ရင်တော့
သူမ ဗိုလ်စွဲ မှာကျိန်းသေတယ်ဗျ….။
        (၁)
ဟိုးရှေးရှေးတုန်းကပေါ့ဗျာ
သူမက အရမ်းချောတယ်]
ပြီးတော့စကားပြော
အရမ်းလိမ္မာတယ်
ချိုသာတယ်
ပြီးတော့သူတပါးနားဝင်အောင်
သိပ်ပြောတတ်တာဗျ…….။
ဒါကြောင့်ကျွန်တော်ဘာပြောပြော
သူမဘက်ကလုံးဝ မငြင်းဆိုခဲ့ဘူးပေါ့…..။
ကျွန်တော်က သူမကို
ဘယ်လောက်ချစ်ကြောင်းပြောတယ်
သူမအတွက် ဓူဝံကြယ်ကို
ဆွတ်ပေးဝံတယ်တို့
ဘာတို့ပေါ့……..။
ကျက်လာသမျှ တစ်လုံးမချန်
ရွတ်ပြလိုက်တယ်လေ
ညလုံးပေါက်
ကြိုးစားခဲ့ရတာဗျ…..။
သူမက ရယ်တယ်
ပြီးတော့ပြန်ဖြေရှာတယ်
ကျွန်မ ကအရမ်းချောသလောက်
ရှင်ကရုပ်ဆိုးတယ်နော်
ဒီလိုဆိုတော့
ရှင်ကို လူတွေဝိုင်းကဲ့ရဲ့ကြမှာပေါ့…။
အင်း သူမပြောတာတော့ဟုတ်သားဗျ
နောက်သူမကဆက်ပြောတယ်….။
ဟိုးမှာ တံတားလေးတွေ့လား
အဲ့ဒီ တံတားပေါ်ကနေခုန်ချလိုက်ချေ
နောက်ဘ၀ကျရင်
ရှင်ကလည်းချော
ကျွန်မကလည်းချော
အဲ့ဒီ ကျတော့မှ လိုက်ဖက်ညီတော့မပေါ့….။
သူမစကားတို့
အဆုံးထိပင် မရောက်လိုက်ပါ…..။
ကျွန်တော် အကောင်အထည်
ဖော်ခဲ့တယ်……။
ကျွန်တော် ဆွမ်းသွပ်ပွဲ အပြီး
တစ်ပါတ် အကြာမှာတော့
သူမရဲ့ မင်္ဂလာဆွမ်းကျွေးပွဲ ကို
သူမပျော်ရွှင်စွာ ဆင်နွဲခဲ့တယ်လေ….။
         (၂)
ဘာပဲဖြစ်ဖြစ်
ကျွန်တော်ပျော်ပါတယ်
သူမကတော့
ဘာမှမသိရှာဘူးလေ…..။
ကျွန်တော် ကတော့
အကုန်လုံးမှတ်မိနေခဲ့တယ်…..။
စကားနောက်တရားပါတဲ့….။
ဒါက နိမိတ်ထွန်းတဲ့
လက်ျာတောင်ကျွန်းပဲ
သူမစကားတို့ တည်ခဲ့တယ်လေ……။
သူမ ကအင်မတန်လှခဲ့တယ်
ကျွန်တော်ကတော့  ရုပ်ဆိုးတုန်းပဲလေ….။
သူမ စကားကြောင့်ပဲ
သူမ အခုဘ၀မှာ
ကျွန်တော်ရဲ့ အိမ်သူသက်ထား
ဇနီးမယားလာ ဖြစ်နေပြီလေ….။

In: ကဗျာ Posted By: Date: Aug 29, 2010
Comment #1

kwi,,kwi,,
rofl….
fri,,hote loh lar har?
anyway,,really happy after reading ur creating poem.

commentinfo By: ei lay at Jan 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment