ကျွန်တော့်ရဲ့ အချစ် ငှက်ငယ်
နှစ်ပေါင်းများစွာကုန်းကောက်ခဲ့တဲ့
ငါရဲ့ ယောက်ျားမာနတွေ…
အခုချိန်ထိ ပြန်မစုံသေးတော့…
အတောင်စုံလို့ ပျံသွားတဲ့ငှက်တွေကို
ရေတွက်ဖိုတောင် အချိန်မရလိုက်ပါဘူး..။
ဖိနင်းလို့မဝသေးရင် မကြွလိုက်ပါနဲ့
နင့်ခြေဖဝါး ရွရွလေးတွေအောက်ကနေ
နင်ကျေနပ်မှ ငါထပါ့မယ်…၊
မရနိုင်မှန်သိလို့တော့ တန်ဖိုးထားတာမဟုတ်ဘူး..
မချစ်ဖူးလို့ ရူးသွားတာပါ…။
အချစ်ကို ဦးစားပေးတတ်ခဲ့တာက
နင်ပေးတဲ့ ပညာတွေပေါ့…။
ကောင်းကင်ကို ပျံမတက်ခင်တော့
ငါ့ရင်ခွင်မှာ နင်အကြိုက်ပျော်ပါ…
ကောင်းကင်ကို ပျံတက်ပြီးရင်လည်း
ငါ့ရင်ခွင်ကို လှမ်းကြည့်နေပါ…
ပျံသန်းလို့ ဝ ရင်လည်း
နင်ခိုနားခဲ့ဖူးတဲ့ ရင်ခွင်က
ကြိုနေတယ်ဆိုတာနင်မမေ့ပါနဲ့…။
ငါအသက်မသေခင်အထိ
နင်ရက်စက်ခွင့်ရှိတယ်…။
သက်နုတဲ့ သစ်ပင်မဟုတ်ခဲ့တာ
ဂုဏ်ယူစရာပါပဲ….၊
ဒဏ်ပိလွန်းလို့တော့ မပျော့ခဲ့ပါဘူး…။
နက်နက်နဲနဲ ချစ်လို့
ခက်ခက်ခဲခဲ ကြိုးစားခဲ့ပါတယ်…
အရှက်တကွဲ အကြိုးနည်း ပဲဖြစ်လာတယ်..၊
လောကကြီးက ကျွန်တော့်အတွက်မတရားဘူး..။
သြော်…..
နင်ပြန်လာမယ်… ဟုတ်လား..၊
နောက်တစ်ခေါက် ချန်ထားဦးမှာသိပေမယ့်
ရှိစေတော့ ချစ်ငှက်ငယ်ရယ်….၊
အပင်အိုကြီးဘဝနဲ့ပဲ နေခဲ့တော့မယ်..၊
ဒီတစ်ခါမှာတော့…
နင်တကယ်အားရကျေနပ်အောင်
နားပြီးမှပြန်လားပါကွယ်……။
Comment #3
ဖိနင်းလို့မဝသေးရင် မကြွလိုက်ပါနဲ့
နင့်ခြေဖဝါး ရွရွလေးတွေအောက်ကနေ
နင်ကျေနပ်မှ ငါထပါ့မယ်…၊
မရနိုင်မှန်သိလို့တော့ တန်ဖိုးထားတာမဟုတ်ဘူး..
မချစ်ဖူးလို့ ရူးသွားတာပါ…။
အချစ်ကို ဦးစားပေးတတ်ခဲ့တာက
နင်ပေးတဲ့ ပညာတွေပေါ့…။
…heart ထိတယ်ဗျို့..တကယ်..သဘောကျတယ်
                        By: အသဲကွဲမိုး at Jul 27, 2011
                    Comment #4
နက်နက်နဲနဲ ချစ်လို့
ခက်ခက်ခဲခဲ ကြိုးစားခဲ့ပါတယ်…
ကြိုက်တယ် အားပေးသွားတယ.်
                        By: Village chat kyi at Jul 27, 2011
                    Comment #6
ဒုတိယအပိုဒ်က ကျနော့်များ အတင်းတုတ်ထားတာလားတောင် အောင်းမေ့ရတယ်
                        By: ဖိုးနမ်း at Jul 27, 2011
                    Comment #8
ဒီကဗျာလေး မှာ လဲ တိုက်ဆိုင်မှူတွေရှိလို့ ကြိုက်ပါတယ် အရမ်း တော်တယ် နော် စာသားတွေလဲ လှတယ် ကြိုးစားထား နော် သယ်ချင်း
                        By: pyaephyo at Jul 28, 2011
                    Comment #10
ဖိနင်းလို့မဝသေးရင် မကြွလိုက်ပါနဲ့
နင့်ခြေဖဝါး ရွရွလေးတွေအောက်ကနေ
နင်ကျေနပ်မှ ငါထပါ့မယ်…၊
မရနိုင်မှန်သိလို့တော့ တန်ဖိုးထားတာမဟုတ်ဘူး..
မချစ်ဖူးလို့ ရူးသွားတာပါ…။
အချစ်ကို ဦးစားပေးတတ်ခဲ့တာက
နင်ပေးတဲ့ ပညာတွေပေါ့…။
အရမ်းဖတ်လို့ကောင်းတာပဲ.. စာသားလေးတွေ အကုန်လှတရ်..
                        By: sandi at Aug 1, 2011
                    Comment #12
ငါအသက်မသေခင်အထိ
နင်ရက်စက်ခွင့်ရှိတယ်…။
အကြိုက်ဆုံးပဲ….။
                        By: ဆည်းဆာ at Aug 2, 2011
                    Comment #13
သိပ်ကောင်းလို. ၀င်ဖတ်လိုက်ပါတယ်heart ကိုထိတွားတာပဲ
                        By: winkoko at Aug 17, 2011
                    Comment #14
d ta khar phat ya dar a yann ko wann ne nay par de.
a yann ko ngo chin lar de.
!-!
!-!
!-!
                        By: ei lay at Mar 20, 2013
                    



 
Comment #1
oh my god.
so generous,
so kind-hearted.
i’ve never met that kind of person in my life except my daddy.