Professional Authors

မိုး…..ပြန်ချိန်

ဒီမိုး
ကြိုက်မှန်းမသိ..
မကြိုက်မှန်းမသိ
အချိန်အခါမကြည့်…..
ပိုးပိုးပေါက်ပေါက်
ရွာချတတ်တယ် !

ဒီမိုး…တန်ဖိုးမသိ…
တန်ဖိုးမထားလည်း
အခြေအနေ..နားမလည်စွာ
ပေါပေါလောလော..သည်းချဖူးတယ်!

ပုံမှန် စုံကန်ပြနေတာတောင်
ဒီမိုး ကို..ဒီလူတော့ လွမ်းမယ်အထင်
ကိုယ့်ကိုယ်ကိုယ်…မြေမြုပ်
တသဲသဲ မစဲတမ်း….သည်းထန်မိခဲ့တယ်!

မစိုချင် ထီးဆောင်း
အရိပ်တခုမှာ ခိုဝင်…
မလိုချင် မတမ်းတ
မစုံမက်ခဲ့ရင်………ညှာတာစွာ
ဖွင့်ဟပြောပါ……
ဒီမိုး….အလိုက်မသိတတ်ခဲ့ဘူး။

ဒီမိုး
..အစထဲက…လဲကြွေ
ရာသီချိန်တောင်…အပါးမ၀တတ်ခဲ့
အကြိမ်တစ်ရာမက..သေဖူးလည်း…
ပျဉ်ဖိုးမှတ်ထားတတ်သူမဟုတ်တော့
အပြစ်အမျိုးမျိုးမဖွဲ့ပဲ..
အသစ်တစ်ချိုးပြောင်းလို့
မျက်နာလွှဲကာမေ့လျော့လိုက်…အားမနာပါနဲ့။

ဒီမိုး…
ဒီအချိန်ကစ…..
ရင်ကွဲနာကျ….ဆုံးရှုံးပါစေ
အသင့်နှလုံးသားနှင့် အနီးတ၀ိုက်
မိုး..ရန်…ကင်းရှင်းပါပြီ။

ကြေကြေကွဲကွဲ.နဲ့
အလွမ်းတွေခေါက်….
ပေါက်ပေါက်မျှမသည်းပဲ..မြိုသိပ်
ဒီတကြိမ်တော့…
ဒီမိုး…………..
နှုတ်မဆက်တော့ဘူး….!

In: ကဗျာ Posted By: Date: Mar 15, 2011
Comment #1

ဒီမိုး……ကို ..အပြစ်အမျိုးမျိုးမဖွဲ့ပဲ..
အသစ်တစ်ချိုးပြောင်းလို့
မျက်နာလွှဲမေ့လျော့လိုက်…ပါ..အားမနာပါနဲ့။

အားပေးသွားတယ်၊၊

commentinfo By: နေသွေး at Mar 15, 2011
Comment #2

ဒီမိုး…တန်ဖိုးမသိ…
တန်ဖိုးမထားလည်း
အခြေအနေ..နားမလည်စွာ
ပေါပေါလောလော..သည်းချဖူးတယ်!
အားပေးသွားတယ်ညီမလေး..အသဲကွဲမိုး………. 🙂

commentinfo By: ရွှေငါး at Mar 15, 2011
Comment #3

ဂွတ်လာပြီ……….
အားပေးတယ်နော်

commentinfo By: kathitni1980 at Mar 15, 2011
Comment #4

ဒီမိုး
..အစထဲက…လဲကြွေ
ရာသီချိန်တောင်…အပါးမ၀တတ်ခဲ့
အကြိမ်တစ်ရာမက..သေဖူးလည်း…
ပျဉ်ဖိုးမှတ်ထားတတ်သူမဟုတ်တော့
အပြစ်အမျိုးမျိုးမဖွဲ့ပဲ..
အသစ်တစ်ချိုးပြောင်းလို့
မျက်နာလွှဲကာမေ့လျော့လိုက်…အားမနာပါနဲ့။…..မိုက်ပါတယ်..ဗျာ..ခံစားချက်တွေပြင်းထန်တုန်းပဲနဲ့တူတယ်….

commentinfo By: terry at Mar 15, 2011
Comment #5

မမိုး အားပေးသွားပါတယ်…
ဒီမိုး…
ဒီအချိန်ကစ…..
ရင်ကွဲနာကျ….ဆုံးရှုံးပါစေ
အသင့်နှလုံးသားနှင့် အနီးတ၀ိုက်
မိုး..ရန်…ကင်းရှင်းပါပြီ။

commentinfo By: genius.jinx28 at Mar 15, 2011
Comment #6

ကျေးဇူးတင်ပါတယ.်ခင်ဗျာ..အားပေးကြတဲ့မောင်နှမများအားလုံး

commentinfo By: အသဲကွဲ မိုး at Apr 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment