Professional Authors

“ထပ်တူမညီတဲ့ ငါ့အိပ်မက် ”

ကောင်းသောနေ့ပါ။
ငါတို့ရဲ့ဇာတ်လမ်းဟာ
မနက်ဖြန်ခါမှာ အဆုံးသတ်ရတော့မယ်။
တွဲထားတဲ့လက်
အဲဒီလက်ကိုမှ
မီးမိုးရွာချခဲ့တယ်။
“ ခိုင်မြဲတဲ့အချစ်တဲ့ ”
ဟား….ဟား…
ပေးဆပ်ခြင်းကို ဖုံးကွယ်တဲ့
ခေါင်းစဉ်တစ်မျိုးဘဲ။

ရင်ထဲကမလာဘဲ
မျက်လုံးရဲ့ ဆုံးဖြတ်ချက်ကိုမှ
အချစ်လို့ထင်ခဲ့သူ
ခုတော့ ..
ကိုယ်တိုင်ဆေးခြယ်မှ
အရောင်စုံလာမယ့် င့ါဘ၀အတွက်
မင်းကို ယုံကြည်မှုတွေမပေးနိုင်ခဲ့တော့
ကျောခိုင်းကာ အဆုံးသတ်ရတော့မယ်။

ကောင်းသောနေ့ပါ။
မင်းအတွက် တောက်ပတဲ့နေ့သစ်ကို
အရောင်စုံတဲ့ ပန်းချီကားအဖြစ်ဖြန့်ချလိုက်ပါ။
မင်းရဲ့ဘ၀ ..
မင်းရဲ့ အနာဂတ်တွေကို
အကဲဖြတ်ပေးဖို့ နူးညံ့တဲ့လက်တွေရှိတယ်။
အဲဒီမှာ မင်းနေရစ်ပါ။

မင်းပျော်လိုက်ပါ။
မင်းအတွက် အိပ်မက်တွေ တစ်ကယ့်နေ့ရက်ဖြစ်လာပြီ။
ငါ့အတွက်လဲ
မျှော်မှန်းထားတဲ့ နေ့ရက်တွေ အိပ်..မက်..ဖြစ်..သွား..ပြီ။

                    နှင်းဝေမိုးလတ်
                    (သချာင်္-ဒုတိယနှစ်)

In: ကဗျာ Posted By: Date: Sep 2, 2011
Comment #1

မင်းပျော်လိုက်ပါ။
မင်းအတွက် အိပ်မက်တွေ တစ်ကယ့်နေ့ရက်ဖြစ်လာပြီ။
ငါ့အတွက်လဲ
မျှော်မှန်းထားတဲ့ နေ့ရက်တွေ အိပ်..မက်..ဖြစ်..သွား..ပြီ။
ကြိုက်တယ်ဗျ..အားပေးသွားပါတယ်။နှင်းဝေမိုးလတ်

commentinfo By: poem.poem28 at Sep 2, 2011
Comment #2

အားပေးသွားပါတယ်……….

commentinfo By: May Kha at Sep 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment