Professional Authors

မမှီတော့လည်း ခါးတယ်

ထားလိုက်ပါတော့လေ
ငါ့ဝေဒနာတွေကို
ငါကိုယ်တိုင်ပဲ မြေမြုပ်ပစ်လိုက်ပါ့မယ်

မင်းအတွက်ဆို ငါဟာ
မင်းမသိအောင်တမျိုး
မင်းသိအောင်တဖုံ
ပေးဆပ်ခဲ့ရတဲ့ကောင်ပါ
မင်းမတောင်းခဲ့ဘူး
ဟုတ်ပါတယ်
ငါမှမနေတက်ခဲ့တာ
အဲဒီအတွက်
ငါ ဘာမှမမျှော်လင့်ခဲ့တာအမှန်ပါ
မင်းပျော်ရင် ငါကျေနပ်ပြီး
မင်းငိုရင် ငါမနေတက်ခဲ့ဘူး

ပြန်လှည့်ကြည့်လိုက်ပါ
မင်းအတွက်ငါဘာအမှားတွေလုပ်ခဲ့မိလဲလို့
ငါဟာ မင်းအတွက်ဆို
ခေါင်းခါဖို့ အမြဲမေ့နေခဲ့တဲ့ကောင်ပါ
ဒါပေမယ့်
ငါ့အတွက်ဆို မင်းဟာ
အပြုံးတစ်ပွင့်ကိုတောင်
ခြွေဖို့မေ့နေတက်တယ်နော်
အဲဒီအတွက် ငါစိတ်မနာတက်ခဲ့ပါဘူး
ဒါပေမယ့် ဒဏ်ရာတွေများလို့
အခုဆို ငါအသက်ရှုရတာတောင်မဝချင်တော့ဘူး
ဒါကြောင့် အခုငါမင်းရဲ့အဝေးမှာပဲနေတော့မယ်

မင်းလည်းသိမှာပါ
မမှီတဲ့ စပျစ်သီးဟာ ခါးတက်တယ်ဆိုတာ…………….

In: Others Posted By: Date: Aug 26, 2010
Comment #1

မင်းအတွက်ဆို ငါဟာ
မင်းမသိအောင်တမျိုး
မင်းသိအောင်တဖုံ
ပေးဆပ်ခဲ့ရတဲ့ကောင်ပါ
မင်းမတောင်းခဲ့ဘူး
ဟုတ်ပါတယ်
ငါမှမနေတက်ခဲ့တာ

commentinfo By: အသဲကွဲမိုး at Jan 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment