Professional Authors

ဒါ ထွက်ပေါက်!!!!

ဒါ ထွက်ပေါက်!!!!
ကျဉ်းမြောင်း သိမ်နုပ်လှချည်လား
လမင်းနဲ့  အသက်ဆက်ဖို့အားခဲထားတဲ့
လူတွေတောင်
နေမင်းရဲ့ ရန်သူတွေဖြစ်ကုန်ပြီ
သူ ပုန်းကွယ်နေလေရဲ့။
 
ယုံကြည်ချက်တခုအတွက်နဲ့
အမြန်နှုန်း မချသေးတဲ့
မြင်းတကောင် ကို အပြစ်မတင်လိုက်ပါနဲ့။
သူ့ကိုမြန်နှုန်းချဖို့ အခွင့်အရေးပေးမထားဘူး။
 
မြန်နှုန်းတင်ဖို့
သူပေးဆပ်ခဲ့တဲ့ အချိန်တွေအတွက်
အသိအမှတ်ပြုမယ့်
အရာဝတ္တု တခုခုတော့ရှိသင့်ပါတယ်။
 
ရှင်သန်နေရတာ
ဆုတောင်းမှုတွေ
ပလူပျံနေတဲ့ ဒီမိုကရေစီ ကာလ။
 
အနာဂတ်အတွက်
တောင်းဆုထက်
ပြီးဆုံးခဲ့တဲ့
အတိတ်ကာလ အတွက် ဆုတောင်းမှု
တွေပြန်လုပ်ချင်တယ်။
 
တောင်းတိုင်းပြည့်မယ့်
ဆုမျိုး ကိုလဲ
ကြိုက်ဈေးပေးဝယ်ခဲ့ဖူးတယ်။
 
တရက်ပြီးတရက်
အရသာမတူတဲ့
ယနေ့ အပြုံးတု တွေနဲ့
မနက်ဖြန်အတွက် အပြုံးတုတွေကို
မရောထွေး ပါရစေနဲ့ဗျာ။
 
အလုပ်နဲ့သက်သေပြဖို့
အလုပ်တွေလိုက်ရှာနေပါတယ်။
အစပြန်သွားဖို့
အဆုံး ကိုလဲ မှန်းဆလို့မရသေးဘူး
လုပ်ချင်တာတွေလုပ်ဖို့လဲ
အခွင့်အရေး ပေးမထားပြန်ဘူး။
 
ချောင်ပိတ်ရိုက်ခံရတဲ့ ခွေးတောင်
ပြန်ကိုက်ဖို့အတွက်
အခွင့်အရေး ရှိသေးတာပဲလေ။
 
အကောင်းတွေ စွန့်ပယ်ဖို့
အဆိုးတွေ ဖြတ်သန်းရင်း
လမင်းကြီးအတွက် နေရာတခု
ပေးလိုက်ရပြန်ပြီလေ။
FiйaL mUtaTioй
12.11.2010 ( 10:11 pm)
In: ကဗျာ Posted By: Date: Nov 13, 2011
Comment #1

nice

commentinfo By: ei lay at Nov 13, 2011
Comment #2

ခေါင်းစဉ်နဲ့ စာသားလိုက်ဖက်မှုရှိပါတယ် ။

commentinfo By: X - ray at Nov 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment