Professional Authors

ရောက်တတ်ရာရာများ

အမှောင်ကိုကြောက်တတ်မှတော့
ဒီခရီးထိ ညဉ့်မနက်ခဲ့ဘူး
ရူးတယ်ပဲထားပါ
တိမ်ညိုတွေရဲ့ ခုနှစ်လွှာမှာ
ရင်ခုန်သံဖမ်းတမ်း ကစားခဲ့တယ်…

မိုးစက်တင်လေ မဟုတ်ခဲ့ပေမယ့်
ငါ ရွှဲခဲ့ပါတယ်
ကောင်းကင်ကိုမော့ကြည့် မျှော်မိတယ်
ချစ်သူကများ
ကြေးနန်းပို့လေမလား
လေညင်း နဲ့ လူကြုံပါးလည်း ရပါတယ်…

သတိလည်း ရပါရဲ့
ဒါပေမယ့် စကားလုံးတွေဆုံးခဲ့တယ်
ဖြစ်ပါတယ်
ဆူလွယ်နပ်လွယ် ရွေးတာမဟုတ်မှန်း
သူမ စမ်းတတ်ပါတယ်…

နားနဲ့ပဲမြင်လိုက်ပါ
တကယ်က သစ္စာဆိုတာ
ရင်ခွင်နဲ့ ဆက်တဲ့ နက္ခတ်
အဖြူကို အလံတပ်နေဖို့ မလိုပါဘူး…

ခေါက်ရိုးကျိုး ၂၄နာရီ
နေ့စွဲအသစ်တိုင်းရဲ့ နံနက်ခင်းဖွင့်ပွဲမှာ
ငါလိုဆည်းဆာကောင် နေရာမရပါဘူး
ရှိပါစေ ချစ်သူရေ
နင်ဆွဲတဲ့လက်မှာသာ
ခိုင်မြဲခြင်းတွေပါဖို့လိုတာမဟုတ်လား….

ဆောင်းကိုပြန်မွေးဖွားခြင်းမှာ
ငါ လိုက်လာခဲ့မယ်
နှုတ်ခမ်းပါးတွေကိုသာ
ပြုစားခွင့်ပိတ်ပင်ထားလိုက်ပါ…

ငါ့ ဖြစ်တည်ခြင်းမှာ
သူမ စာရင်းပေါက်ဖို့ရာ
မုသားမပါတဲ့ ကမ္ဘာတစ်ခုတော့
ငါ အားချင်းရှာရမှာပေါ့…………………………

In: ကဗျာ Posted By: Date: Sep 1, 2011
Comment #1

မိုးစက်တင်လေ မဟုတ်ခဲ့ပေမယ့်
ငါ ရွှဲခဲ့ပါတယ်
ကောင်းကင်ကိုမော့ကြည့် မျှော်မိတယ်
ချစ်သူကများ
ကြေးနန်းပို့လေမလား
လေညင်း နဲ့ လူကြုံပါးလည်း ရပါတယ်…

commentinfo By: May Kha at Sep 1, 2011
Comment #2

နားနဲ့ပဲမြင်လိုက်ပါ
တကယ်က သစ္စာဆိုတာ
ရင်ခွင်နဲ့ ဆက်တဲ့ နက္ခတ်
အဖြူကို အလံတပ်နေဖို့ မလိုပါဘူး…

တော်တော်…ကောင်းတယ်…ဗျာ လေးစားပါတယ်

commentinfo By: terry at Sep 1, 2011
Comment #3

တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိနေကြတဲ့ တူနှစ်ကိုယ်တိုင်းပြည်မှာဆို မုသားမတဲ့ ကမ္ဘာကို ရှာစရာ မလိုတော့ပါဘူး………………………….

Leave Comments

Name*

Email*
Website
Email me whenever there is new comment