Professional Authors

အဲဒိနေ့

တိမ်ငိုတွေ တိတ်ပီး

တိမ်ညိုတွေ ပြာမဲ့နေ့ …အဲဒိနေ့ .…..။။။။။။။။။

 

မုန်တိုင်းတွေကင်းပီး

လှိုင်းလုံးတွေငြိမ်နေမဲ့ နေ့ …အဲဒိနေ့……။။။။။။။။။။

 

နေခြည်ရောင် ဖြာ ..နွေး

လင်းထိန်နေမဲ့နေ့ …..အဲဒိနေ့….။။။။။။။။။။

 

လရောင် လျှံ လျှံ ဖြာငြီး

ကြယ်တွေ အကုန် စုံမဲ့နေ့ …..အဲဒိနေ့.…။။။။။။။

 

လေပြင်း ငြိမ်သလောက်

လေညှင်း ထန် မဲ့နေ့ ….အဲဒိနေ့ …….။။။။။။။။

 

မျက်ရည်တွေ တိတ်ပီး

(ကျမ မျက်လုံးမှာ)

ကြည်နူးရိပ်တွေ လဲ့နေ မဲ့နေ့ …..အဲဒိနေ့…..။။။။။။။

 

အန္တရာယ်တွေကင်းပီး

ရန်စွယ်တွေ ရှင်းနေမဲ့နေ့ …..အဲဒိနေ့……။။။။။။။။။။။။

 

အလွမ်းတွေ အကုန်

ဟာသ ဖြစ်မဲ့နေ့ …..အဲဒိနေ့.…။။။။။။

 

ဝတ္တု . ရုပ်ရှင်

ဇာတ်လမ်းမဆန်တောင် အမှတ်တရတော့ ဆန်မဲ့နေ့ ….အဲဒိနေ့ ….။။။။။။။

 

သိပ်မလှတောင် ရှင့်အတွက်

နတ်သမီး တပါး ဖြစ်စေမဲ့နေ့ ….အဲဒိနေ့…။။။။။။။။။။

 

အဖြူရောင် ၀တ်စုံ ရင်တခုန်ခုန်နဲ့

ရှင်နဲ့ တွဲလို့ လူပုံအလယ် လျှောက်လှမ်းမဲ့နေ့….အဲဒိနေ့...။။။။။။။။

 

ရှင့် လက်ကို တွဲ ….ဆွဲလို့ ခို

ပ၀ါဖြူအောက်က ခိုးခိုးပီး ရှက်နေမဲ့နေ့ ….အဲဒိနေ့….။။။။။။။။။။။။

 

တဘ၀ လုံး စာ ရဲ့ သင်္ကေတ 

တသက် တာရဲ့ အမှတ်တရ

                                                 ရှင့် နဲ့ ကျမ ရဲ့ နေ့ …….အဲဒိနေ့.….။။။။။။။။။။။။။။။။။။

In: ကဗျာ Posted By: Date: Sep 1, 2011
Comment #1

အဲ့ဒီနေ့ကဘာနေ့လဲ……..သိချင်လိုက်တာနော်……:D

commentinfo By: May Kha at Sep 1, 2011
Comment #2

ချစ်စ၇ာ ကောင်းတယ်..ကဗျာလေးက

commentinfo By: Red Demon at Sep 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment