Professional Authors

နင့်ရဲ့စိတ္တဇနဲ့ ငါရဲ့ဆန္ဒတွေဆုံတွေ့သွားတဲ့အခါ ….

အခုအချိန်မှာဘယ်သူလာမေးမေး လူတိုင်းကိုပြောရဲတယ်။
နင့်ကိုငါချစ်တယ် ………
နင်ကြားချင်တဲ့စကား ငါအရင်တုန်းကပြောဖို့ရှက်ရွံ့ခဲ့တဲ့စကား
ခုချိန်မှာ တစ်နေ့ကို ထောင်သောင်းမက ရင်ထဲမှာပြောမိနေတယ်။
နင့်ကိုငါ အရမ်းချစ်တယ် ……….
အဖေ၊ အမေ တို့ရဲ့ ရှေ့ရေးကို စိတ်ပူလို့ မေးမြန်းတဲ့အခါ ပြန်ပြောလေ့ရှိတဲ့စကားတစ်ခွန်း
ငါနင့်ကိုပဲ လက်ထပ်မှာ ………..
ငါ့ဘက်က အဖြူရောင်သတို့သမီးသီချင်းကို စိတ်ကူးယဉ်ပြီးဆိုနေမိပြီ။
ယုံကြည်ချက်တွေလည်းခိုင်မာလာခဲ့ပြီ။
မျှော်လင့်ချက်တွေလည်း တစ်နင့်တစ်ပိုးနဲ့ပေါ့။
ငါနားမလည်တာက ….
အတူတူနေရဖို့အချိန်တွေနီးစပ်လာလေ
ဘာကြောင့် ကန့်သတ်ချက်တွေများလာရတာလဲ ……
ဘာကြောင့် စိမ်းကားမှုတွေဖြစ်နေရတာလဲ ……
နင်ရဲ့ငါ့အပေါ်အရမ်းချစ်တဲ့ စိတ္တဇနဲ့ သ၀န်တိုမှုတွေကို ငါနားလည်တယ်။
အခုနောက်ပိုင်း အရင်ကထက်ပိုတင်းကျပ်လာတဲ့စည်းကမ်းတွေကိုလည်း ကြိုးစားလိုက်လျောခဲ့တယ်။
ဒါပေမယ့် …..
ငါ့ဆန္ဒလေးတစ်ခုတလေထုတ်ဖော်မိတာဟာ အပြစ်ဖြစ်သွားတာလား။
ငါမဖြေရှင်းတော့ဘူးချစ်သူ ……..
ခေါင်းမာပြီးသွေးအေးတဲ့နင်နဲ့ ……..
လုပ်ချင်တာလုပ်ပြီး ဂရုမစိုက်တတ်တဲ့ ငါ့အတွက် ….
ဒီတစ်ခါတော့ မဆွေးနွေးချင်တော့ဘူး။
ဖြေရှင်းဖို့မလွယ်တဲ့၊ မလိုတဲ့ ……
ပြသာနာတွေအတွက်
ငါ skip ဆိုတဲ့ခလုတ်ကိုနှိပ်ပြီးပဲ ကျော်လိုက်တော့မယ်။
ဒါဟာ နင်နဲ့ငါရဲ့ ကြားကအိပ်မက်တွေကိုဖျက်ဆီးစေမယ့် အက်ကြောင်းတစ်ခုမဖြစ်ပါစေနဲ့လို့
ဆုတောင်းရင်းနဲ့ပဲ ………………….

In: ကဗျာ Posted By: Date: Mar 14, 2012
Comment #1

wow,,,,,,,,
i like this poem so much,
some r same with me (the upper paragraph)
he,,he,,
between us,no more fighting.
between us,,only understood,,faith,,sympathy.

i advise u plz try to b ok with everything.
wishing u pass all difficulties.
good luck.

commentinfo By: ei lay at Mar 14, 2012
Comment #2

ငါနားမလည်တာက ….
အတူတူနေရဖို့အချိန်တွေနီးစပ်လာလေ
ဘာကြောင့် ကန့်သတ်ချက်တွေများလာရတာလဲ ……
ဘာကြောင့် စိမ်းကားမှုတွေဖြစ်နေရတာလဲ …

commentinfo By: kantkawmg at Mar 15, 2012
Comment #3

ခံစားချက်ချင်းထပ်တူကျသွားလို့အရမ်းကြိုက်သွားပြီဗျာ။ 🙂

commentinfo By: မာန်ခက်ဝင့် at Mar 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment