Professional Authors

အလင်းသစ်တဲ့လား………?

နေရောင်တွေလဲ ပျောက်ဆုံးသွား
လမိုက်ညတွေပဲ ဖြစ်တည်နေတယ်
အမှောင်ထုတွေကြား
ငါ့အတွက် ဖယောင်းတိုင်တောင်
အလင်းမပေးတော့ဘူး။
ကြင်နာပါတယ် ဟုတ်လား
သစ္စာတွေ တစ်ပွေ့တစ်ပိုက်နဲ့ဆို
စကားတုတွေကြားမှာ
အပြုံးတစ်ပွင့်တောင် ပျောက်ဆုံးနေပေါ့။
မနက်ဖြန်အတွက် ဆက်ရန်ရှိတယ်
အလင်းသစ်တွေလာမယ် ဟုတ်လား
အလှမ်းမတော်လို့ တိုက်တဲ့ခလုတ်
အကျမတောလို့ ကွဲတဲ့ငါ့အသဲ
နင်ဘာနဲ့ ကုစားပေးမှာလဲ။

In: ကဗျာ Posted By: Date: Mar 13, 2012
Comment #1

မနက်ဖြန်အတွက် ဆက်ရန်ရှိတယ်
အလင်းသစ်တွေလာမယ် ဟုတ်လား
အလှမ်းမတော်လို့ တိုက်တဲ့ခလုတ်
အကျမတောလို့ ကွဲတဲ့ငါ့အသဲ
နင်ဘာနဲ့ ကုစားပေးမှာလဲ။
…………………………………………
လျော့ကြိုးကုန်သောအခါ…ကျွန်တော်များ အသည်းလက်ပမ်းကျ ကျန်ရစ်မယ်
ဒါ.ပုရိသ…များ ကို မြတ်နိုးခြင်း၊ရဲ့.ကျိမ်စာ

commentinfo By: အသဲကွဲမိုး at Mar 13, 2012
Comment #2

love comment of moe 🙂

commentinfo By: sharon myorr myor at Mar 13, 2012
Comment #3

arr pay twar par d,

commentinfo By: ei lay at Mar 13, 2012
Comment #4

good..တယ်ဗျ..
ခံစားအားပေးသွားပါတယ်…

commentinfo By: poem.poem28 at Mar 14, 2012
Comment #5

ကြင်နာပါတယ် ဟုတ်လား
သစ္စာတွေ တစ်ပွေ့တစ်ပိုက်နဲ့ဆို
စကားတုတွေကြားမှာ
အပြုံးတစ်ပွင့်တောင် ပျောက်ဆုံးနေပေါ့။

commentinfo By: May Kha at Mar 14, 2012
Comment #6

အလှမ်းမတော်လို့ တိုက်တဲ့ခလုတ်
အကျမတောလို့ ကွဲတဲ့ငါ့အသဲ
နင်ဘာနဲ့ ကုစားပေးမှာလဲ။

commentinfo By: kantkawmg at Mar 15, 2012
Comment #7

ကဗျာလေးကိုဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်

commentinfo By: raingirl at Mar 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment