Professional Authors

ကြေကွဲရာသီ

နေ့ရက်….စက္ကန့်…….နာရီတိုင်းမှာ

မျှော်လင့်နေဆဲပါ….ချစ်သူ

မျက်စေ့လည်ပြီး…ငါရင်ခွင်ဆီကို

နင်ပြန်လာမလားဆိုတဲ့

မျှော်လင့်ချက်လေးနဲ့ပေါ့

သူများတွေပြောတာကြားဖူးတယ်

လူတစ်ယောက်အတွက် အနာကျင်ဆုံးက

မတွေ့မမြင်နိုင်တော့တဲ့၊ မဖြစ်နိုင်တော့တဲ့

အရာတစ်ခုကို စောင့်မျှော်နေခြင်းတဲ့

နင်က ငါ့ရဲ့နာကျင်ခြင်းလား

အဲလိုတော့မဖြစ်ပါစေနဲ့

ဒီအချိန်ငါ့အနားမှာ

ဖြေသိမ်းပေးမယ့်သူ တစ်ယောက်မှ

မရှိလို့ပါ..နင်ကလွဲလို့ပေါ့

တောင်းပန်ပါတယ် မိုးနတ်မင်းကြီးရယ်

အရင်လို အချိန်တွေ ပြန်လိုချင်လို့ပါ……..

In: ကဗျာ Posted By: Date: Jun 7, 2012
Comment #1

hote de naw,,
1 tet lone nar kyin hmu tway ne a tet ma shin chin bu kwar,
ya ke hla de lu ba wa ko pyaw pyaw shwin shwin,, aye aye chan chan,,yoe yoe lay pe kone sone chin par de,

commentinfo By: ei lay at Jun 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment