Professional Authors

အလွမ်းမြို့စား (နှောင်ကြိုးသစ်)

ရစ်ဝဲလာတဲ့ အနမ်းလေး
အလွမ်းတေးဆိုဖို့ မွေးဖွား
ကြယ်စင်ခူးမဲ့ လက်တွေက
အိုးမည်းပေနေလေရဲ့
ဗလာရင်ခွင်ထဲ ညနက်ကို
အရည်ဖျော်တဲ့ စုတ်ချက်အတင်
နေ့သစ်ကိုမွေးဖွားဖို့
နေမင်းခေါင်းပြူလာ
ရောင်နီသန်းနေတဲ့
နှလုံးသားတစ်စုံတောက်ပလို့
ငရဲကိုဖြတ်သန်းဟန်ပြင်
ယုန်မလေးထွက်ပြေးပေါ့
အသည်းကွဲသူ မျက်ရည်ကုန်လို့
အမုန်းတွေပစ်ဖို့ ကြံရွယ်
သွေးလွှမ်းသွားတဲ့ ညနေခင်းက
ထရယ်မောပေါ့
ကောင်းကင်ကို ကဆုန်စိုင်းဖို့
ငါမြင်းပြင်တော့မယ်

In: ကဗျာ Posted By: Date: Aug 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment