Professional Authors
ဆက်ထုံး……(terry)
အဖြည့်ခံသူရဲကောင်းတဲ့….
တံဆိပ်တော့
အကပ်ခံရပါတယ်။
စကားလုံးတွေစိုက်ခံထားရလို့ 
မွစာကြဲနေမယ့်
ငါ့ရင်ဘတ်ကိုမှ သူတို့ မမြင်တာ။
ခဏခဏကျပျောက်ဖူးတော့လည်း
လမ်းဆိုတာကို
ကြောက်လာတယ်….
ဝါကျတွေကောက်ကောက်ဆက်
ရင်တွင်းဖြစ်ခံစားချက်မှာ
နေ၀င်ချိန်တွေ
ဖြေးဖြေးလေးပဲနက်လာတယ်…။
ဥပမာတွေသာကုန်သွားတယ်
နင်စကားပုံမတတ်ခဲ့ဘူးပဲ…
မဖြစ်နိုင်တာကိုမှ
လိုချင်တော့လည်း
တစ်ဖက်တည်းမြည်မယ့်
လက်ခုပ်….
ငါ့ရင်နဲ့ အုပ်ပြီးတီးကြည့်တယ်။
စွန့် လွှတ်ခြင်းဝါကျပျက်တွေ
ခဏခဏထပ်နေတာ
ပျော်လွန်းလို့ 
ခေါင်းစဉ်တပ်နေတာမဟုတ်ဘူးကွယ်…
ပြန်မလာမယ့်ပဲ့တင်သံကိုပဲ
မျှော်ကိုးနေရတာ
ကြာတော့လည်း
ကိုယ့်အော်သံကိုပြန်ရှက်လာတယ်။
သူပြောပြ၍နားထောင်ဖြစ်ခဲ့သော
အိပ်မက်ဆိုးတွေရဲ့
အထ္ထုပတ္တိတွေကြားမှာ
မျှော်လင့်ချက်ဆိုတာနဲ့ ပဲ
ယဉ်ယဉ်ကျေးကျေးကြီးလွမ်းနေရတာ
ကိုယ့်ကိုကိုယ်
မာနနဲ့ လောင်ကျွမ်းခဲ့ဘူးတယ်ဆိုတာ
မေ့လျှော့လာခဲ့တယ်။
မေ့နိုင်တယ်ပြောပြောပြီး
မမေ့ချင်တာကိုကခက်တယ်…
ဒေါင်လိုက်မျဉ်းတစ်ကြောင်း
အချက်မပြပဲနဲ့ …ဖြတ်တယ်။
ဟုတ်သည်ဖြစ်စေ
မဟုတ်သည်ဖြစ်စေ
ငါမေးမိတဲ့အချိန်
“ချစ်တယ်”လို့ ဖြေရင်ကို
ဒဏ်ရာတွေကိုပြုလုပ်သူ
နင်မဟုတ်ဘူးလို့ ပဲ
နာကျည်းခဲ့ဖူးတဲ့စိတ်ကိုငါ
အစိမ်းချုပ်ပစ်လိုက်ပါမယ်…..။
                                                     terry(9.5.2011)12:35am
In: ကဗျာ Posted By: Date: May 10, 2011
Comment #1
စကားလုံးအသုံးအနှုန်တွေတော်တော်လေးအင်အားလည်းပါတယ် လိုက်လျောညီထွေလည်း ရှိတယ် မော်ဒန်ရသကိုပီပီပြင်ပြင်ခံစားလိုက်ရတယ်ဗျာ
commentinfo By: Moe Thit Lay Pyay at May 10, 2011
Comment #2
ဟုတ်သည်ဖြစ်စေ
မဟုတ်သည်ဖြစ်စေ
ငါမေးမိတဲ့အချိန်
“ချစ်တယ်”လို့ ဖြေရင်ကို
ဒဏ်ရာတွေကိုပြုလုပ်သူ
နင်မဟုတ်ဘူးလို့ ပဲ
နာကျည်းခဲ့ဖူးတဲ့စိတ်ကိုငါ
အစိမ်းချုပ်ပစ်လိုက်ပါမယ်။။။။။။။။။။။။။။
အဲ့ ဒီနေရာလေးကကဗျာကိုထမ်းသွားတယ်ထင်တယ်နော်
ဂွတ်။။။။။။။။။။။။။။။။။။။။။။။။။
commentinfo By: မင်းလူန at May 10, 2011
Comment #3
@အားပေးတာကျေးဇူးတင်ပါတယ်..ကိုမိုးသစ်လေပြေ..ဒီထက်ကောင်းအောင်ကြိုးစားချင်စိတ်တွေအတွက်အဲ့ဒီစကားတွေကအားဆေးပါပဲဗျာ…..
@
ကိုမင်းလူနရေ…အားပေးတဲ့အတွက်.တကယ်ကျေးဇူးတင်ပါတယ်ဗျာ….ကြိုးစားဖို့ အတွက်အားပေးရမယ်နော်.. 😀
commentinfo By: terry at May 10, 2011
Comment #4
အစ်ကိုလို့မခေါ်ပါနဲ့ဗျာ အခုမှ ၁၆နှစ်ပဲရှိတေးတယ်ခင်ဗျ
commentinfo By: Moe Thit Lay Pyay at May 11, 2011
Comment #5
မေ့နိုင်တယ်ပြောပြောပြီး
မမေ့ချင်တာကိုကခက်တယ်…
ငါတို့ ရဲ့ ညီမျှခြင်းမှာ
ဒေါင်လိုက်မျဉ်းတစ်ကြောင်း
အချက်မပြပဲနဲ့ …ဖြတ်တယ်။
ကြိုက်တယ်
commentinfo By: မယ်မနော at May 11, 2011
Comment #6
ဟုတ်သည်ဖြစ်စေ
မဟုတ်သည်ဖြစ်စေ
ငါမေးမိတဲ့အချိန်
“ချစ်တယ်”လို့ ဖြေရင်ကို
ဒဏ်ရာတွေကိုပြုလုပ်သူ
နင်မဟုတ်ဘူးလို့ ပဲ
နာကျည်းခဲ့ဖူးတဲ့စိတ်ကိုငါ
အစိမ်းချုပ်ပစ်လိုက်ပါမယ်…..။
အရမ်းကောင်းတဲ့ ကဗျာပါလား…..။အားပေးတယ် ကို terry ရေ တကယ်ကြိုက်တယ်….။
ခံစားချက်တွေနဲ့ ကွက်တိပဲ…..။
commentinfo By: ကေသရီ at May 11, 2011
Comment #7
အရမ်းကောင်းတယ် ကဗျာလေးက အားပေးနေပါတယ်……….:)
commentinfo By: နှောင်းလူ at May 11, 2011
Comment #8
ဒဏ်ရာတွေကိုပြုလုပ်သူ
နင်မဟုတ်ဘူးလို့ ပဲ
နာကျည်းခဲ့ဖူးတဲ့စိတ်ကိုငါ
အစိမ်းချုပ်ပစ်လိုက်ပါမယ်…
အားပေးနေပါတယ်…terry
commentinfo By: poem.poem28 at May 11, 2011
Comment #9
မဖြစ်နိုင်တာကိုမှ
လိုချင်တော့လည်း
တစ်ဖက်တည်းမြည်မယ့်
လက်ခုပ်….
ငါ့ရင်နဲ့ အုပ်ပြီးတီးကြည့်တယ်။
commentinfo By: အနီရောင်နှင်း at May 11, 2011
Comment #10
အရမ်းကောင်းတယ်နော် ခံစားချက်တွေ လားမသိဘူး အရမ်းလည်း သဘောကျတယ် ဒီအပိုဒ်ကို အားပေးနေပါတယ်
မေ့နိုင်တယ်ပြောပြောပြီး
မမေ့ချင်တာကိုကခက်တယ်…
ငါတို့ ရဲ့ ညီမျှခြင်းမှာ
ဒေါင်လိုက်မျဉ်းတစ်ကြောင်း
အချက်မပြပဲနဲ့ …ဖြတ်တယ်။
ဟုတ်သည်ဖြစ်စေ
မဟုတ်သည်ဖြစ်စေ
ငါမေးမိတဲ့အချိန်
“ချစ်တယ်”လို့ ဖြေရင်ကို
ဒဏ်ရာတွေကိုပြုလုပ်သူ
နင်မဟုတ်ဘူးလို့ ပဲ
နာကျည်းခဲ့ဖူးတဲ့စိတ်ကိုငါ
အစိမ်းချုပ်ပစ်လိုက်ပါမယ်…..။
commentinfo By: wxad at May 11, 2011
Comment #11
ဟုတ်သည်ဖြစ်စေ
မဟုတ်သည်ဖြစ်စေ
ငါမေးမိတဲ့အချိန်
“ချစ်တယ်”လို့ ဖြေရင်ကို
ဒဏ်ရာတွေကိုပြုလုပ်သူ
နင်မဟုတ်ဘူးလို့ ပဲ
နာကျည်းခဲ့ဖူးတဲ့စိတ်ကိုငါ
အစိမ်းချုပ်ပစ်လိုက်ပါမယ်…..။
commentinfo By: နှင်းဖွေးလေး at May 11, 2011
Comment #12
@မိုးသစ်လေပြေရေ…မသိလို့ဗျ….ဘွာတေး… 😀
@wxad …ဟုတ်ကဲ့….ခံစားချက်တွေပါ….။
အားပေးကြတဲ့ကဗျာညီအကိုမောင်နှမတွေအားလုံးကို….ကျေးဇုးတင်ပါတယ်….:)
commentinfo By: terry at May 11, 2011
Comment #13
မေ့နိုင်တယ်ပြောပြောပြီး
မမေ့ချင်တာကိုကခက်တယ်…
ငါတို့ ရဲ့ ညီမျှခြင်းမှာ
ဒေါင်လိုက်မျဉ်းတစ်ကြောင်း
အချက်မပြပဲနဲ့ …ဖြတ်တယ်။
ဟုတ်သည်ဖြစ်စေ
မဟုတ်သည်ဖြစ်စေ
ငါမေးမိတဲ့အချိန်
“ချစ်တယ်”လို့ ဖြေရင်ကို
ဒဏ်ရာတွေကိုပြုလုပ်သူ
နင်မဟုတ်ဘူးလို့ ပဲ
နာကျည်းခဲ့ဖူးတဲ့စိတ်ကိုငါ
အစိမ်းချုပ်ပစ်လိုက်ပါမယ်…..။ 🙂
commentinfo By: pannei at May 12, 2011
Comment #14
ဟုတ်သည်ဖြစ်စေ
မဟုတ်သည်ဖြစ်စေ
ငါမေးမိတဲ့အချိန်
“ချစ်တယ်”လို့ ဖြေရင်ကို
ဒဏ်ရာတွေကိုပြုလုပ်သူ
နင်မဟုတ်ဘူးလို့ ပဲ
နာကျည်းခဲ့ဖူးတဲ့စိတ်ကိုငါ
အစိမ်းချုပ်ပစ်လိုက်ပါမယ်…..။
commentinfo By: အသဲကွဲမိုး at May 15, 2011
Comment #15
ဟုတ်သည်ဖြစ်စေ
မဟုတ်သည်ဖြစ်စေ
ငါမေးမိတဲ့အချိန်
“ချစ်တယ်”လို့ ဖြေရင်ကို
ဒဏ်ရာတွေကိုပြုလုပ်သူ
နင်မဟုတ်ဘူးလို့ ပဲ
နာကျည်းခဲ့ဖူးတဲ့စိတ်ကိုငါ
အစိမ်းချုပ်ပစ်လိုက်ပါမယ်…..။
မိုက်တယ်……..
commentinfo By: စုနိုင် at Jun 25, 2011
Comment #16
ဥပမာတွေသာကုန်သွားတယ်
နင်စကားပုံမတတ်ခဲ့ဘူးပဲ…
မဖြစ်နိုင်တာကိုမှ
လိုချင်တော့လည်း
တစ်ဖက်တည်းမြည်မယ့်
လက်ခုပ်….
ငါ့ရင်နဲ့ အုပ်ပြီးတီးကြည့်တယ်။
စွန့် လွှတ်ခြင်းဝါကျပျက်တွေ
ခဏခဏထပ်နေတာ
ပျော်လွန်းလို့ 
ခေါင်းစဉ်တပ်နေတာမဟုတ်ဘူးကွယ်…
ပြန်မလာမယ့်ပဲ့တင်သံကိုပဲ
မျှော်ကိုးနေရတာ
ကြာတော့လည်း
ကိုယ့်အော်သံကိုပြန်ရှက်လာတယ်။
အားပေးသွားပါတယ်..ကိုတယ်ရီ
တာရာ
commentinfo By: taryar at Jan 24, 2012
Comment #17
အစိမ်းချုပ်ပစ်လိုက်ပါမယ်…..။
commentinfo By: Sofarawayfromyou at Feb 26, 2013
Leave Comments
Name*
Email*
Website
Email me whenever there is new comment