Professional Authors

ဥယျဉ်မှုး

ငှက်တစ်ကောင်ကို
အဝေးမသွားအောင်
လှောင်အိမ်ထဲထည့်ထားလို့ရပေမယ့်……..ငါမလုပ်ချင်ဘူး။

ခွေးတစ်ကောင်ကို
မထွက်သွားအောင်
ကြိုးချည်ထားလို့ရပေမယ့်…….ငါမလုပ်ချင်ဘူး။

ငါးလှလှလေးကို
အမြဲကြည့်ရအောင်
ဖန်အိမ်ထဲထည့်ထားလို့ရပေမယ့်…….ငါမလုပ်ချင်ဘူး။

ငါလုပ်နိုင်တာတွေကိုတောင် ငါမလုပ်ချင်ခဲ့တာ
မှန်းရခက်တဲ့ မင်းစိတ်ကိုထိန်းချုပ်ဖို့ဆိုတာ
ငါမလုပ်ချင်ဆုံးထဲက မလုပ်ချင်ဆုံးတစ်ခုပဲ။

ပန်းလေးပွင့်လာတာကိုပျော်နေတဲ့ဥယျာဉ်မှူးဟာ
ပန်းလေးနွမ်းမယ့်အချိန်ကို လွမ်းမောစွာနဲ့ စောင့်နေတယ်……တဲ့။

In: ကဗျာ Posted By: Date: Aug 28, 2011
Comment #1

wow,,,
so meaningful poem.

u mean…..
u can do everything if u wish pop.
but u didn’t do anything.right?
why?
so kind-hearted & generous?

ofcourse,,
1.i m a mysterious,complex,selfish,childish & cruel girl.
2. i couldn’t be a good gardener in my life.

commentinfo By: ei lay at Aug 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment