Professional Authors

သင်းခွေချပ်တွေ ဘောလုံးကန်နေသည် – နရီထက်

သံချပ်ကာဆန် ကြေးခွံတွေက
စကားစပ်တွေကို ကာကွယ်ပေးနေသလိုရယ်
တန့်ပြန်လာအခါ…
အမွှေးအမျှင်တွေက ရှုပ်ပွနေတယ်
ဝက်တစ်ကောင်အသာ စကားရွှံ့လူးလို့ရယ်

ကာကွယ်တတ်သလိုနှင့်
ဟိုဖက် လှိမ့်လိုက်…
ဒီဖက် ပြေးလိုက်….
စကားလုံးတွေက ဘောလုံးတစ်လုံးနှယ်
ပတ်ပြေးလိုက်ရတဲ့အချိန်…
ပျော်စရာတွေလား
မောဟိုက်စရာလား..

ကိုယ်ကိုကိုယ်တိုင်လည်း
အကန်မခံပဲ ..
ပတ်ပြေးချင်တဲ့ ဘောလုံးတစ်လုံးပါ
လည်ချင်လို့ မဟုတ်ပါ
လက်ဆောင်တစ်ခုကို အသုံးချနေတာလား

ယောင်လို့တော့ မဟုတ်ပါ
လိုက်တုနေတာ…
အော်ဟစ်ပြတော့
နင်တို့တွေက လိပ်ပြာမလုံခဲ့လို့လား
အတိတ်က အရိပ် မြင်ခဲ့လို့လား
မကြောက်ပါနဲ့…
လိုက်တုနေတာပါ…

ရိုက်သတ်လို့ မသေတဲ့ စကားလုံးတွေက
အခါခါ စမ်းသပ်ကြည့်တော့
အမှားတွေလား
အမှန်နဲ့လား
ပွက်ပွက်ဆူနေတဲ့ သက်သေပြချက်တွေထဲမှာ
ခေါင်းညိတ်လက်ခံသွားတဲ့ အချိန်တွေလည်း
ရှိတတ်ခဲ့ကြတယ် မဟုတ်လား
ငြင်းမရတဲ့အခါလည်း သင်းခွေချပ်လို့
နေတတ်ခဲ့ကြတယ် မဟုတ်လား…။     ။

နရီထက်
( ၂၇ ၊ သြဂုတ်လ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Aug 27, 2011
Comment #1

ယောင်လို့တော့ မဟုတ်ပါ
လိုက်တုနေတာ…
အော်ဟစ်ပြတော့
နင်တို့တွေက လိပ်ပြာမလုံခဲ့လို့လား
အတိတ်က အရိပ် မြင်ခဲ့လို့လား
မကြောက်ပါနဲ့…
လိုက်တုနေတာပါ…
အားပေးနေပါတယ်

Comment #2

ရိုက်သတ်လို့ မသေတဲ့ စကားလုံးတွေက
အခါခါ စမ်းသပ်ကြည့်တော့
အမှားတွေလား
အမှန်နဲ့လား
ပွက်ပွက်ဆူနေတဲ့ သက်သေပြချက်တွေထဲမှာ
ခေါင်းညိတ်လက်ခံသွားတဲ့ အချိန်တွေလည်း
ရှိတတ်ခဲ့ကြတယ် မဟုတ်လား
ငြင်းမရတဲ့အခါလည်း သင်းခွေချပ်လို့
နေတတ်ခဲ့ကြတယ် မဟုတ်လား…။ ။
အားပေးသွားတယ်အကိုကြီး..

commentinfo By: myintmo at Aug 27, 2011
Comment #3

ရိုက်သတ်လို့ မသေတဲ့ စကားလုံးတွေက
အခါခါ စမ်းသပ်ကြည့်တော့
အမှားတွေလား
အမှန်နဲ့လား
ပွက်ပွက်ဆူနေတဲ့ သက်သေပြချက်တွေထဲမှာ
ခေါင်းညိတ်လက်ခံသွားတဲ့ အချိန်တွေလည်း
ရှိတတ်ခဲ့ကြတယ် မဟုတ်လား
ငြင်းမရတဲ့အခါလည်း သင်းခွေချပ်လို့
နေတတ်ခဲ့ကြတယ် မဟုတ်လား…။ ။အဲ့ အပှဒ်လေးတွေ ကိုကြိုက်တယ်
အားပေးသွားတယ် ကိုကြီး..

commentinfo By: thuya at Aug 27, 2011
Comment #4

ရိုက်သတ်လို့ မသေတဲ့ စကားလုံးတွေက
အခါခါ စမ်းသပ်ကြည့်တော့
အမှားတွေလား
အမှန်နဲ့လား
ပွက်ပွက်ဆူနေတဲ့ သက်သေပြချက်တွေထဲမှာ
ခေါင်းညိတ်လက်ခံသွားတဲ့ အချိန်တွေလည်း
ရှိတတ်ခဲ့ကြတယ် မဟုတ်လား
ငြင်းမရတဲ့အခါလည်း သင်းခွေချပ်လို့
နေတတ်ခဲ့ကြတယ် မဟုတ်လား…။ ။အဲ့ အပှဒ်လေးတွေ ရဲ့ စကားလုံးတွေကိုကြိုက်တယ်
အားပေးသွားတယ် ကိုကြီး..

commentinfo By: thuya at Aug 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment