Professional Authors

ခေါ်သံ

ကျွန်တော့်ရဲ့ ရင်ဘတ်ကြီးထဲ

သူမရဲ့ ပုံရိပ်တွေဘောင်ခတ်နေရာယူထားတယ်။

ဈေးကွက်မတင်တဲ့ ပန်းချီကားတစ်ချပ်လည်း

သူမအတွက်ရေးဆွဲလို့ ကောင်ကင်ကြီးထဲချိတ်ဆွဲထားလိုက်တယ်။

အဖြေမရှာချင်တော့ဘူး

ကျွန်တော်ကပဲ အနီးဆုံးမရောက်ခဲ့တာလား

ခင်ဗျားကပဲ အဝေးဆုံးမှာရှိနေခဲ့တာလား ။

အဖြေမှန်တွေလဲ မလိုအပ်တော့ဘူး

ခရီးတာတွေကဝေးလွန်းတယ်

သက်ပြင်းတွေကရှည်လွန်းတယ်

တကယ်တော့ …အလွမ်းညတွေလည်းကြာလွန်းခဲ့တယ်။

ဒီလိုနဲ့..ဒီလိုနဲ့ပဲ

စိတ်ကူးတွေ အရောင်ခြယ်သနေခဲ့သူ

သတိရခြင်းကမ်းပါးထက် ခြေစုံရပ်နေခဲ့သူ

တိုးတိုးတိတ်တိတ်ခေါ်သံတစ်ခုသာ အဖော်ပြု

ခုချိန်ထိ  … ။   

In: ကဗျာ Posted By: Date: Aug 24, 2011
Comment #1

ကောင်းတယ်ဗျာ အားပေးသွားပါတယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment