Professional Authors

ဂုဏ်ချစ် သူသို့ ပေးစာ

မင်းမြတ်နိုးတဲ့ ………ဂုဏ်
ငါ့ဆီမှာ ………ရှိစေချင်လဲ
စာရွက်ပေါ်က စာသားတွေက ဂုဏ်လား
ရင်ဘတ်ထဲ ချစ်ခြင်းက
အနှိုင်းမဲ့ ဂုဏ်လား

“ဂုဏ်ကြီးရှင်ပါ”
Excuse me!!! ဘာပြောတာလဲ ဟင်…အဲဒါ
အတုတွေ ခေတ်စားနေလို့ စိတ်ညစ်နေတာ
ဘာတွေလာပြောမှန်းမသိဘူး

ပြုံးတယ် ပြုံးတယ် ………..လှလိုက်တာ
မင်းရင်ဘတ်ထဲ လှမ်းမြင်နေရတော့ ခက်တယ်
ပူလိုက်တဲ့ ………ဒီရူပါရုံ

ရီချင်ပေမဲ့ …..မပြုံးမိဘူး
လူတွေပေးတဲ့ ………..ကျီးအာသီး
ဝမ်းမြောက်ဝမ်းသာ ………လက်ကမ်းနေတာ

လာခဲ့……..ဒီကို ………..ပြောပြမယ်
ဘာလဲ………..ဂုဏ်။

မယ်မနော
2:08

In: ကဗျာ Posted By: Date: Apr 21, 2011
Comment #1

ဟာ……မယ်မနော…အ၇မ်းကို ထိမိတဲ့စာသားတွေပါပဲဗျာ….
ကြိုက်တယ်

commentinfo By: genius.jinx28 at Apr 21, 2011
Comment #2

Excuse me!!! ဘာပြောတာလဲ ဟင်…အဲဒါ
အတုတွေ ခေတ်စားနေလို့ စိတ်ညစ်နေတာ
ဘာတွေလာပြောမှန်းမသိဘူး…..
…..
…..

sorry ဒါမော်ဒန် စတိုင် လို့ပဲ ပြောရမလား …ကျွန်တော်နားမလည်တဲ့
စတိုင်တစ်ခုပေါ့….. နားလည်အောင် ကြိုးစားရင် နားတွေမလည်တော့တာလေ……

commentinfo By: nate thit(နေ့သစ်) at Apr 27, 2011
Comment #3

မိုက်တယ်……ကြိုက်လို့ share လိုက် မယ်

commentinfo By: Demon 13 at Apr 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment