Professional Authors

လုပ်ဇာတ်

လုပ်ဇာတ်

 

ကောင်းကင်ကြီးကတဖွဲဖွဲ ရွာချတယ်

အား……………………. ဓါးတွေ

လုပ်ဖျား ဖျားနေတဲ့ နေ့ရက်တွေ

ပြက္ခဒိန်ပေါ်   ဖြတ်လျှောက်တိုင်း

နာရီ တွေ ၀မ်းလျားထိုးငိုတယ်

လောကဓံက ကျောမပေး၇ဲလောက်အောင်

စလင်းဘော်ဒီလေးနဲ့ ကိုင်ထားတဲ့ ဓားလေးက မြလို့

ရယ်သံမပီသတဲ့ ရယ်သံ(ငါ)

ငိုသံမပီသတဲ့ ငိုသံ(သူတစ်ပါး)

တစ်နေ့ တိုးတိုင်း ပုဂံကလည်းတစ်လံရွေ့သွားတယ်

လမ်းမှားနေတဲ့ ဘလိတ်ဓါးကို

ငါ့သွေးလွှတ်ကြောပေါ်ဖြောင့်မှန်စေခဲ့တယ်..၀တ်ရည်

ဟုတ်တယ်.. မဟုတ်ဘူး(ဘယ်ဟာကိုသုံးမလဲ)

မြေသားဖြစ်သွားလှေကားထစ်များပျောက်ဆုံးနေပြီပဲ(Big Bag)

ငါလွန်တာလား………

ဒါမှမဟုတ် တစ်စုံတစ်ယောက်…….

ကြားကြားနေရတဲ့ အမျိုးအမည်မသိခေါ်သံ……..

အိပ်မက်များလား……………

ပြောနေတာကကော တကယ်လား .။

အကုန်လုံး ကောမှန်လို့လား …။

 

နတ်ခတ်ဆူး

23/8/2011

In: ကဗျာ Posted By: Date: Aug 23, 2011
Comment #1

ကောင်းတယ်…..ဗျ….

တစ်နေ့ တိုးတိုင်း ပုဂံကလည်းတစ်လံရွေ့သွားတယ်

လမ်းမှားနေတဲ့ ဘလိတ်ဓါးကို

ငါ့သွေးလွှတ်ကြောပေါ်ဖြောင့်မှန်စေခဲ့တယ်..၀တ်ရည်……

commentinfo By: terry at Aug 23, 2011
Comment #2

ရယ်သံမပီသတဲ့ ရယ်သံ(ငါ)

ငိုသံမပီသတဲ့ ငိုသံ(သူတစ်ပါး)

commentinfo By: May Kha at Aug 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment