Professional Authors

လုပ်ဇာတ်

မဟုတ်တော
မဟုတ်သေးဘူး…..
ခေတ်ကအစ
မျက်စမျက်နနဲ့
မာတိကာမှာ
ယဉ်ကျေးမှု့ နာရေးကြော်ငြာတွေ
ဝတ်လို့ ……..စားလို့ ။

ပြတင်းပေါက်ကိုပဲဖွင့်ကြည့်လိုက်
မာယာလေးဆယ်ဆို
ဟာသလို့ ပဲခေါ်လိမ့်မယ်
အကျဉ်းချုံးပြောရရင်
ခါးဖက်ထားပြီး
နောက်ပြန်ကြည့်တဲ့အပိုင်းကိုက
ဝတ်လစ်စားလစ်နိုင်လွန်းတယ်

ကိုယ်လည်းလေလောကီသားပေမို့ 
ကြည့်လို့ တော့ကောင်းပါတယ်
မြင်လို့ တော့မကောင်းဘူး
ကမ်းခြေပဲရောက်သွားတာများလား
ဝတ်ဆင်မှု့ မိုးလေ၀သက
သူ့ ဘက်ကိုပါလို့ 
ကိုယ့်လိပ်ပြာကိုယ်တောင်
အနိုင်နိုင်ခေါ်ယူရတယ်

မှန်တာပြော
လူမုန်းများပါစေ
မြို့ပြက
ခါးမှာတက်တူးထိုးလို့ 
စီးကရက်လေးခဲလို့ 
ညအိပ်ညနေဘိုကင်ချိတ်လို့ 
အင်တာနက်ပေါ်လေးဘက်ထောက်တက်လို့ 
ဘယ်သူ့ ခေါင်းရောက်မလဲ
မြွေတွေကအစ
ဖားကိုပြန်ကြောက်လာရတယ်

ဖြတ်လမ်းဆိုတာလည်း
ရောင်းအားကောင်းလာတဲ့
နောက်ဆုံးပေါ်အီဒီယမ်တခုပဲလား
ဘယ်လိုခွဲစိတ်မှု့မျိုးမှ
မတိုးတော့တဲ့
ပုလင်းတူဘူးဆို့ ကန်းခြင်းမျိုးပဲ
သစ်တိုင်းကောင်းတဲ့အထဲ
ထုံးတမ်းစဉ်လာတော့
မပါကောင်းဘူးထင်တယ်

ဇိမ်ခံကားပေါ်ကပြုံးပြရမှ
ဂုဏ်သိက္ခာလို့ ခေါ်တာလား
လူသူဆိပ်ငြိမ်တဲ့လမ်းထဲက
ဧည့်ခန်းကိုမှ
အဆင့်အတန်းလို့ ခေါ်တာလား
ထားပါ….
ကျွန်တော်မသိတာတွေကလည်းများတယ်
ခေတ်မှီတယ်ဆိုတဲ့
စာကိုမကျက်ချင်တာနဲ့ 
အဲ့ဒီကျောင်းကထွက်ခဲ့တယ်။

terry(15.1.2012)1;00am
[email protected]

In: ကဗျာ Posted By: Date: Jan 25, 2012
Comment #1

ဇိမ်ခံကားပေါ်ကပြုံးပြရမှ
ဂုဏ်သိက္ခာလို့ ခေါ်တာလား
လူသူဆိပ်ငြိမ်တဲ့လမ်းထဲက
ဧည့်ခန်းကိုမှ
အဆင့်အတန်းလို့ ခေါ်တာလား
ထားပါ….
ကျွန်တော်မသိတာတွေကလည်းများတယ်
ခေတ်မှီတယ်ဆိုတဲ့
စာကိုမကျက်ချင်တာနဲ့ 
အဲ့ဒီကျောင်းကထွက်ခဲ့တယ်

မိုက်တယ်ဗျာ

commentinfo By: yeko at Jan 25, 2012
Comment #2

ကြိုက်တယ်ဗျာ

commentinfo By: rocker at Jan 25, 2012
Comment #3

အကျဉ်းချုံးပြောရရင်
ခါးဖက်ထားပြီး
နောက်ပြန်ကြည့်တဲ့အပိုင်းကိုက
ဝတ်လစ်စားလစ်နိုင်လွန်းတယ်

commentinfo By: sharon myorr myor at Jan 25, 2012
Comment #4

ဖြတ်လမ်းဆိုတာလည်း
ရောင်းအားကောင်းလာတဲ့
နောက်ဆုံးပေါ်အီဒီယမ်တခုပဲလား
ဘယ်လိုခွဲစိတ်မှု့မျိုးမှ
မတိုးတော့တဲ့
ပုလင်းတူဘူးဆို့ ကန်းခြင်းမျိုးပဲ
သစ်တိုင်းကောင်းတဲ့အထဲ
ထုံးတမ်းစဉ်လာတော့
မပါကောင်းဘူးထင်တယ်…………….စကားလုံးတွေသုံးထားတာသိပ်မိုက်တယ်ကွာာာ
တယ်ရီရေ…..ကောင်းဆဲကောင်းမြဲ…

commentinfo By: sharon myorr myor at Jan 25, 2012
Comment #5

ဇိမ်ခံကားပေါ်ကပြုံးပြရမှ
ဂုဏ်သိက္ခာလို့ ခေါ်တာလား
လူသူဆိပ်ငြိမ်တဲ့လမ်းထဲက
ဧည့်ခန်းကိုမှ
အဆင့်အတန်းလို့ ခေါ်တာလား
ထားပါ….
ကျွန်တော်မသိတာတွေကလည်းများတယ်
ခေတ်မှီတယ်ဆိုတဲ့
စာကိုမကျက်ချင်တာနဲ့ 
အဲ့ဒီကျောင်းကထွက်ခဲ့တယ်။

commentinfo By: May Kha at Jan 25, 2012
Comment #6

ဖြတ်လမ်းဆိုတာလည်း
ရောင်းအားကောင်းလာတဲ့
နောက်ဆုံးပေါ်အီဒီယမ်တခုပဲလား
ဘယ်လိုခွဲစိတ်မှု့မျိုးမှ
မတိုးတော့တဲ့
ပုလင်းတူဘူးဆို့ ကန်းခြင်းမျိုးပဲ
သစ်တိုင်းကောင်းတဲ့အထဲ
ထုံးတမ်းစဉ်လာတော့
မပါကောင်းဘူးထင်တယ်

commentinfo By: zawthetoo at Jan 25, 2012
Comment #7

ဇိမ်ခံကားပေါ်ကပြုံးပြရမှ
ဂုဏ်သိက္ခာလို့ ခေါ်တာလား
လူသူဆိပ်ငြိမ်တဲ့လမ်းထဲက
ဧည့်ခန်းကိုမှ
အဆင့်အတန်းလို့ ခေါ်တာလား
ထားပါ….
ကျွန်တော်မသိတာတွေကလည်းများတယ်
ခေတ်မှီတယ်ဆိုတဲ့
စာကိုမကျက်ချင်တာနဲ့ 
အဲ့ဒီကျောင်းကထွက်ခဲ့တယ်။
တော်လိုက်တဲ့ကဗျာဆရာကြီး…အနော် အားပေးသွားတယ်ဗျ

commentinfo By: အသဲကွဲမိုး at Jan 25, 2012
Comment #8

တစ်ကိုယ်လုံ တုန်ယင်သွားလောက်အောင် ကောင်းပါတယ်
တယ်ရီပျောက်နေတာက ဒီလိုကဗျာမျိုး ကြိတ်ပြီးရေးနေလို့ကိုး . . .
အရမ်းကြိုက်ပါတယ်

ချစ်ခင်စွာဖြင့် . . .
ကိုသျှား

commentinfo By: ကိုသျှား at Jan 25, 2012
Comment #9

ခါးဖက်ထားပြီး
နောက်ပိုင်းကြည့်တဲ့အပိုင်းကိုက
ဝတ်လစ်စားလစ်နိုင်လွန်းတယ်

ဝတ်ဆင်မှုမိုးလေဝသက
သူ့ဘက်ကိုပါလို့
ကိုယ့်လိပ်ပြာကိုယ်တောင်
အနိုင်နိုင်ခေါ်ယူရတယ်
ဒီစကားလုံးတွေ ကြိုက်တယ်ဗျ
အရေးအသားကိုတော့ လေးစားတာကြာပြီ
အလေးတွေဘဲရေးတာထက်စာရင် ဒီလို အလေးနဲ့အပေါ့လေးတွဲရေးတာကပိုမိုက်တယ်ထင်တယ်ဗျ
ဒါကျွန်တော့အမြင်ပါ အကြံပေးတာမဟုတ်ပါဘူး အစ်ကိုterry အရေးအသားကို အကြံပေးဖို့လောက်ထိ ကျွန်တော်အဆင့်မမှီပါဘူး
ကဗျာလေး ခံစားအားပေးသွားတယ်ဗျာ ။

commentinfo By: X - ray at Feb 10, 2012
Comment #10

မှန်တာပြော
လူမုန်းများပါစေ
မြို့ပြက
ခါးမှာတက်တူးထိုးလို့ 
စီးကရက်လေးခဲလို့ 
ညအိပ်ညနေဘိုကင်ချိတ်လို့ 
အင်တာနက်ပေါ်လေးဘက်ထောက်တက်လို့ 
ဘယ်သူ့ ခေါင်းရောက်မလဲ
မြွေတွေကအစ
ဖားကိုပြန်ကြောက်လာရတယ်

ကြီုက်သွားပြီဗျာ….။အကိုဘယ်သွားနေလဲ ပျောက်နေတယ်။

commentinfo By: Nge at Mar 21, 2012
Comment #11

Sooooooo Good !!!

commentinfo By: နွေ at Oct 30, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment