Professional Authors

ခြေသံတစ်စုံနဲ့ စာအုပ်တစ်အုပ်

ဖြတ်လျှောက်သွားတဲ့ခြေသံတစ်စုံဟာ
မင်း…ပဲဆိုတာ
ထကြည့်နေစရာတောင်မလိုဘူး
ငါသေချာသိတယ်…
မင်းခြေလှမ်းလိုက်တိုင်း
ငါ့နှလုံးသားနာကြင်ရလွန်းလို့….
ခြေသံကြားတိုင်း လန့်နိုးတတ်နေပြီ…..
အပေါ်ယံပဲမကြည့်နဲ့
အသေအချာကောက်ကိုင်ကြည့်…
မာတိကာမပါပေမယ့်….
ငါ့ရင်ခွင်တစ်ခုလုံးက..
ချစ်ခြင်းအပြည့်နဲ့စာအုပ်တစ်တစ်အုပ်……
မျက်နှာဖုံးက မလှပပေမယ့်
ခံစားချက်တွေစီးဝင်နေတဲ့
စကားလုံးတွေ….
စာမျက်နှာတိုင်းမှာရှိနေတယ်….
ယူသွားလိုက်..
အဲဒါ..မင်းအတွက်လက်ဆောင်
ငါထိတ်လန့်နေရတဲ့
ခြေသံတစ်စုံကိုကုစားဖို့…….
အဲဒီထဲကမင်း လေ့လာလိုက်…
ပြီးရင်ငါ့ဆီကိုပြန်လာခဲ့
ဒါပေမယ့်
ခြေသံဖွဖွလေးနင်းပြီးတော့လာ
ငါအိပ်ပျော်နေချင်သေးတယ်…….။                ။

In: ကဗျာ Posted By: Date: Aug 22, 2011
Comment #1

ဟာ….goodလှချေလားဗျာ
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Aug 22, 2011
Comment #2

nice poem………..

commentinfo By: May Kha at Aug 22, 2011
Comment #3

where is that book?

commentinfo By: ei lay at Aug 22, 2011
Comment #4

မျက်နှာဖုံးက မလှပပေမယ့်
ခံစားချက်တွေစီးဝင်နေတဲ့
စကားလုံးတွေ….
စာမျက်နှာတိုင်းမှာရှိနေတယ်….

commentinfo By: ကဝေ at Aug 23, 2011
Comment #5

မာတိကာမပါပေမယ့်….
ငါ့ရင်ခွင်တစ်ခုလုံးက..
ချစ်ခြင်းအပြည့်နဲ့စာအုပ်တစ်တစ်အုပ်……
မျက်နှာဖုံးက မလှပပေမယ့်
ခံစားချက်တွေစီးဝင်နေတဲ့
စကားလုံးတွေ….
စာမျက်နှာတိုင်းမှာရှိနေတယ်….
အားပေးသွားတယ် ကိုလွမ်းနောင်

Comment #6

အားပေးသွားပါတယ်…… 🙂

commentinfo By: terry at Aug 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment